Professional Authors

အလှတရားတို့ ၏တည်ရာ

ဒီနေ့  လှလိုက်တာတဲ့ …

ဒါနဲ့  ဒီစိတ်ကူးရ……..

 

ညီ..ညီ..ညီညာ

ကြည်ကြည်သာသာနဲ့ 

ကမ္ဘာတခုကို တည်ဆောက်ကြရအောင်…

အဲဒီကမ္ဘာလေးမှာ

လုံးဝမရှိရမဲ့ အရာတွေကို သေခြာထုပ်ပိုးလို့ 

လွှင့်ပစ်ဖို့ အမှိုက်ပုံ တခုလည်းရှိမယ်

တိုးပွါးသင့် တိုးပွါးထိုက်တဲ့ အရာတွေကို  လိုသလိုဝယ်ယူလို့ ရမယ့် 

Super Market တခုလည်းပါတယ်

ကဲ………

စပီး ပစ်လိုက်ကြစို့ နော်

ဒေါသတွေ..မနာလိုမှုဝန်တိုမှု တွေ

ပီးတော့  သောကတွေ…

အနိုင်ယူမှူတွေ…အနိုင်ကျင့် တတ်တာတွေ

နောက်ထပ်ကော ဘာတွေ ပစ်ပလိုက်ရင် ကောင်းမလဲ

လောကရဲ့ အလှကို ဖျက်ဆီးပီး အကျည့် တန်စေတဲ့ အရာတွေပေါ့ 

သေခြာလေးတော့ ထုတ်ပိုးနော်… အပြီးတိုင် မြေမြှုပ်သဂြိုဟ် ပစ်ရမှာ

လူသူကင်းဝေးတဲ့ အရပ်ကို သယ်ပီးပေါ့…

ပီးတော့  Supermarket ဆီ သွားကြမယ်လေ..

လစာထုတ်လို့ ဖြစ်ဖြစ်.. အရောင်းအ၀ယ် အဆင်ပြေလို့ ဖြစ် ဖြစ်

ငွေရွှင်တိုင်းပေါ့ 

ဒို့ ကတော့ သတိ… ရောင်းတဲ့ ဆိုင်ကို သွားမှာ…

လစာရဲ့ ၎ပုံတပုံ အကုန် ၀ယ်ပလိုက်မယ်…

သူငယ်ချင်းရေ…

အဲဒီ အချိန်ကျ ပြောပါကွယ် …လှတယ်လို့ 

စိတ်ဆိုးတွေ လွှင့် ပစ် ပီးပီ

စိတ်ကောင်းတွေလည်း ဆောင်ထားပီ

ပြောပြုကြံယင်လည်း သတိနဲ့ ယှဉ်ပီ

သတိကပ်တဲ့ စိတ်တိုင်းမှာ မေတ္တာအသိနဲ့ နေနေပီ

အမှားကင်း သမျှ နောင်တဆိုတာလည်း ရှင်းနေပီ

ပေါ့ ပေါ့ပါးပါး ပျော်ပျော်ပါးပါးနဲ့ 

လောကကိုလည်း အလှဆင်…

လောကရဲ့ အလှကိုလည်းမြင်

In: ကဗျာ Posted By: Date: Dec 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment