Professional Authors

သွားကြစို့

ဆောင်းတွင်းညတစ်ည
ပျော်ရွှင် ရတဲ့
အိမ်မက် မသိမသာမက်လို့
တိုးတိုးလေးပျော်
တို့နှစ်ယောက်လေ
တွေ့ခဲ့ကြတယ်
နှင်းတွေကြားထဲမှာပေါ့
ကောင်ကင်ကနတ်သမီး
လူပြည်ကို ကျဆင်း
ကျွန်တော်ချစ်သူ
ဖြစ်စေတယ်
အဖ ဘုရားသခင်
သင့်ရဲ့ဂုဏ်ကျေးဇူးကို
ကောင်ချီးပေးပါ၏ အေမင်………..။
သေချာတာတစ်ခုက
X-Mas သစ်ပင်နဲ့ ရောင်စုံမီးလုံးတွေက
သူမ အလှ သူမ စိတ်သဘောထားကို
အလှပေါ်အလှ ဆင့်လို့
ဆင်ခြယ်ပေးနေသလို
ချမ်းလာပြီချစ်သူ
သိုးမွှေးလက်အိတ်ကိုယူပါ
အေးလာပြီချစ်သူ
သိုးမွှေးခြေအိတ်လေးကို
ဝတ်ပေးပရစေ
နှင်းတွေ ကျနေပြီချစ်သူ
ရောင်စုံညရဲ့ လမ်းလေးအတိုင်း
သီချင်းလေးညည်းရင်း
မျက်နှာတွေ အေးတဲ့အထိ
လေညှင်းခံ စက်ဘီးစီးကြစို့
ငါ့ခါးကို ဖတ်ပါ
ငါ့ကျောကုန်းကိုမှီနွဲ့ပါ…………။
ရှေ့မှာ ချစ်သူတွေရဲ့
အချစ်တွေနဲ့အလှဆင်ထားတဲ့
မျှော်လင့်ခြင်းဥယျာဉ်……………….။

In: ကဗျာ Posted By: Date: Dec 23, 2011
Comment #1

wow,,,,
pyaw sa yar g,,,,,,,
yin khone like tar,,,
he,,he,,

commentinfo By: ei lay at Dec 23, 2011
Comment #2

ပိုရင်ခုန်ရတာ ရှိသေးတယ်
ဘရိတ်မပါဘူး……………..

Comment #3

he,,he,,,tay p pop loh.
kaung ma lay dot twar par p.
he,,he,,
e dar kyaunt ho ka kha na kha na htwke pyay tar nay hmar pop.
d lout pyin nyar pya nay dar koe.

commentinfo By: ei lay at Dec 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment