Professional Authors

မျှော်လင့်ချက် ပျောက်ဆုံးခြင်း

 

 

 မျှော်လင့်ချက် မရှိရင်

အသက်ရှင်နေရတာ အလကားတဲ့

အလိုချင်ဆုံး မျှော်လင့်ချက်က

ဘယ်သောအခါ ပိုင်ဆိုင်ခွင့် မရှိတဲ့

ငါ့အတွက်တော့….

နက်ရှိုင်းလွန်းတဲ့

ချောက်ကပါးရဲ့ အစွန်းမှာ

ရပ်နေသလိုပဲပေါ့

အရင်အချိန်တွေတုန်းက

အရာအားလုံးကို အပေါ်စီးက

ငုံကြည့်ရတဲ့ အရသာကို

နှစ်သက်ခဲ့တယ်

အခုတော့….

အမြင့်တစ်ခုကနေ

ကန်ချခံရတဲ့ အရသာကို

ခံစားဖူးပြီ

ရင်ဘတ်ထဲမှာ ဒဏ်ရာအပြည့်

လက်ဗလာနဲ့

ချစ်သူကိုယ်တိုင်က

ရက်စက်ခဲ့တော့လည်း

အပြုံးမပျက် အရှုံးပေးပြီး

နောက်လှည့်ပြန်ခဲ့ပြီ

မင်းကို ချစ်မိတဲ့

ငါ့နှလုံးသားကိုတော့

မင်းရဲ့ ခြေရင်းမှာ

ထားရစ်ခဲ့ပြီ….    

In: ကဗျာ Posted By: Date: Dec 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment