Professional Authors

ကတိတော်

ဝိဇ္ဇာ၊ သိပ္ပံ မျိုးမည်သန်၍
ရွတ်အံလေ့ကျက် ထုံးနည်းမြတ်ကို
ရှုမှတ်ထွေပွား ပညာအားဖြင့်
စိတ်ထားသတ္တိ ဥာဏ်ယှဉ်ကြည့်ကာ
လျော်သည့်ဟန်ပန် ခွင့်ထူးခံမို့
စွမ်းသန်ဂုဏ်ရည် ညွန့်ခက်ဝေနှင့်
ညီစေမျှတ မောင်မယ်လှတို့
တက္ကသီလာ မြကျွန်းသာသည်
နံ့မှာထုံမွှန်း ၀တ်မှုန်ပြွမ်းရာ
မျိုးညွှန်းစုံပ ပန်းဘုံမျှလို
ထိန်းကြညီစေ တိုးဂုဏ်ဝေဖို့
သုံးထွေကတိ မှတ်စဉ်ရှိသော်
တို့၏ဂုဏ်ဆောင် ပညာရောင်သည်
ဘယ်နောင်ရှိန်ဝါညှိုးရော့မည်။

In: ကဗျာ Posted By: Date: Dec 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment