——တတ်သူအတွက်-ရွှေကြယ်မိုး
 /* Style Definitions */
 table.MsoNormalTable
	{mso-style-name:”Table Normal”;
	mso-tstyle-rowband-size:0;
	mso-tstyle-colband-size:0;
	mso-style-noshow:yes;
	mso-style-priority:99;
	mso-style-qformat:yes;
	mso-style-parent:””;
	mso-padding-alt:0in 5.4pt 0in 5.4pt;
	mso-para-margin-top:0in;
	mso-para-margin-right:0in;
	mso-para-margin-bottom:10.0pt;
	mso-para-margin-left:0in;
	line-height:115%;
	mso-pagination:widow-orphan;
	font-size:11.0pt;
	font-family:”Calibri”,”sans-serif”;
	mso-ascii-font-family:Calibri;
	mso-ascii-theme-font:minor-latin;
	mso-hansi-font-family:Calibri;
	mso-hansi-theme-font:minor-latin;}
ဘယ်ဘက်ရင်အုံအတွက်
ရင်းစေတဲ့အနာတစ်ခုဟာ
အမှန်တရားပဲဆိုပြီး မြိုချခဲ့တဲ့
ဆေးခါးတစ်ခွက်ကြောင့်ပါ…..
တော်ပါပြီကွယ်…တော်ပါပြီ
ငါ့တရားနဲ့ငါပဲရှိပါစေတော့…
မီးအိမ်နဲ့ ဖြန့်ကျက်ပြ…အဲ့ဒီ့မနက်ဖြန်ဟာလည်း
နင်ပေးခဲ့တဲ့အမာရွတ်ပေါ်က ဒဏ်ရာတစ်ချက်ပါပဲ…
ဘာကိုယုံရတော့မှာလဲ မိန်းကလေး…
ဒါတွေဟာ တကယ်ဖြစ်ခဲ့ပြီးမှတော့ ငါ့အနေနဲ့
ဘာကိုထပ်ယုံရတော့မှာတဲ့လဲ…..
ဒီအချိန်မှာ နင်ပေးမယ့်ဖြေဆေးဆိုတာ
နောက်တစ်ကြိမ်ထပ်သောက်မိမယ့် အဆိပ်ပဲဖြစ်မှာပဲ
ကဲကွယ်…မနက်ဖြန်မှာပဲဖြစ်ဖြစ် ဒီကဗျာကိုဖတ်နေချိန်မှာပဲဖြစ်ဖြစ်
နင် သာယာစွာနဲ့ရှိပါစေကွယ်…ဆုတောင်းပါတယ်…
ငါဘယ်လိုရှိနေမယ်…ဘယ်လိုဖြစ်နေမယ်ဆိုတာတော့
အွန်လိုင်းပေါ်မှာမြင်ယုံနဲ့တင် နင်သိလောက်ပါတယ်…
ဘာဆိုဘာမှတို့တွေ မမြိုသိပ်ကြစို့ရဲ့…
နင့်အတွက် တစ်နှစ်တာလောက် အရာရာကိုကျောခိုင်းပြီး
မျက်ရည်စက်လက်နဲ့ မြိုသိပ်ပေးခဲ့တာတွေလည်း ငါရုတ်သိမ်းလိုက်ပါပြီ
သူ့ဆီမှာပဲ နင်ခစားပါ…
သူ့ဆီမှာပဲ နင်ကျဆုံးပါ…
အဲ့လိုကျဆုံးရင်းနဲ့ပဲ နင့်ဆီမှာကျဆုံးပြခဲ့တဲ့
ငါ့ကို မှတ်မှတ်ရရ မေ့ပစ်ပေးထားစမ်းပါ…
နင်… အချစ်ဆိုတာကို ပျော်စရာလို့ပဲသတ်မှတ်ထားသ၍
သူ့ဆီမှာပဲ ဒဏ်ရာတွေကိုသင်ယူမြဲသင်ယူပါ…
အဲ့သလောက်ပျော်ပါးဖို့အတွက် ဖော်စားသွားတဲ့ ဆေးဟာ
ငါ့နှလုံးသားပဲဆိုတာတော့ သိလည်း မသိချင်ယောင်ဆောင်ထားလိုက်တော့ဟာ
နှောင်ကြိုးတွေရစ်ပတ်ခဲ့ကြပြီးမှတော့…..
နင့် ဘ၀ဟာ ငါ့ဘ၀ဖြစ်ခဲ့ပြီးမှတော့…..
နင့်မျက်ရည်ဟာ ငါ့ကြောင့်ကျပေးခဲ့ရပြီးမှတော့…..
ငါ့ကို….ငါ့ကို…..ကြွေကျတော့မယ့်ကြယ်တွေအကြောင်း ပြောပြရက်ခဲ့သလား
ပြယ်ရတော့မယ့် ရနံ့တွေအကြောင်း သင်ပြရက်ခဲ့သလား….
နောက်ဆုံးတော့ ငါဟာ…တိုး……..တိတ်…ထိ…..ခိုက်…နာ…ကျင် စွာနဲ့
ကြယ်လိုလည်းကြွေခဲ့ရ…ရနံ့လိုလည်းပြယ်ခဲ့ရ….
ကဲကွယ်…နင်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ဖူးတဲ့ ငါ့မြို့လေးဆီ
ငါ…..ပြန်…လို့…..သွား…..ပါ….ပြီ….
ထပ်ဆုံရင် ရင်အစုံ နာကျင်ရဦးမှာမို့လို့ ထပ်မကြုံအောင်
ငါ……နေ……ထိုင်…..နေ…..ပါ…..တယ်…..
အွန်လိုင်းမှာဆုံရင်တောင် ငါစကားစမပြောတော့ဘူးနော်…
နင့်ကိုအကြိမ်ကြိမ်ခွင့်လွှတ်ပေးခဲ့တဲ့ငါ့အတွက် ဒီတစ်ခုလောက်တော့
ပြန်ခွင့်လွှတ်ပေးပါလို့…..ငါဆုတောင်းရင်း ဒီနေ့အတွက်ကဗျာတစ်ပုဒ်
ငါရေးလိုက်တယ်…မွန်မွန်…..
ရွှေကြယ်မိုး
၂၀၁၁.ဒီဇင်ဘာ.20ရက်
ည-9:40
Comment #2
oh……….
real story?
so so nice.
now i m crying.
good writing naw.
i was already sick that feel depress & lonely,,,now i m worse after reading this nice unhapppy ending story.
 By: ei lay at Dec 21, 2011
                        By: ei lay at Dec 21, 2011
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ခံစားချက်တွေ.ပဲ…ထပ်တူခံစားအားပေးသွားပါတယ်။