မိုးမိသူများရဲ့ မှတ်တမ်း
ကျွန်တော်တို့ ရပ်ကွက်က ရှိုးပွဲ
( ဘာ ..ဒီကလေးတွေ စားစရာမရှိပါဘူးဆိုမှ
ဟိုဟာဝယ် ဒီဟာဝယ်နဲ့ 
ထုတယ်ကွာ အသုံးမကျတဲ့ အမျိုးတွေ
ဟေ့ ..ဒီတစ်ပါက်မပေးရင် အိမ်ပေါ်ကဆင်းဟေ့ )
ဒါ ကျွန်တော်တို့ ရပ်ကွက်က တီးခက်ပုံသံစုံပေါ့
နိုးစက်မလို ဘူး မထချင်လည်း ထ မသွားချင်လည်း သွား
အပြေးအလွှား အလုအယက် အပြိုင်အဆိုင် ဈေးဗန်းတွေချခင်းလို့ 
ခြင်္သေ့ လာအောင် ရင်ထဲက မီးစကိုဖုံး မျက်နှာတွေပြုံးလို့ 
L ဆိုင်းဆီ လို လည်း ရ စန္ဒီမြင့်လွင်လို လည်း ရ
ပါသမျှအမယ်အကုန်လိုက်ရွတ်ရတယ်
သူတို့ အလင်းပေါက်က မျက်ရည်စကိုတော့ အိမ်ဝမှ ကျတာ
အဲလို ရထားလမ်းလို အဲလို မူလီပြုန်းတဲ့ ဘဝ
လောဘလည်းဖြစ် ဒေါသလည်းဖြစ် မောဟလည်းဖြစ်
ကျွန်လည်းဖြစ် ရေလည်းနစ်ပေါ့
ဒါပေသိ တစ်ကိုယ်လုံး ဆီမ၀င်းတောင်မှ
မာန လေးတော့ လင်းကြတာထုံးစံပဲ
ဒီလို ခံစားမှုကို လက်တစ်ဖက်မှာ ဆေးအပ်ထိုးပြီး
ရင်ဘက်တစ်ခြမ်းနဲ့ တိုက်စစ်ကြည့်တာ
ကဗျာတော့မဟုတ်ဘူး ကဗျာဖြစ်တယ်
သူတို့ က သူတို့  တီတီတာတာလေးတွေ
ပညာတက်ဖြစ်ဖို့  ပညာရှိဖြစ်ဖို့ 
လက်မထိပ် အပ်စိုက်ပြီး သူရဲကောင်းဖြစ်ဖို့ 
မျှော်လင့်ချက်နဲ့ အသက်ဆက်နေရတာ
အဲဒါနဲ့ ကိုယ့်ကိုကိုယ် စတေး
အဲဒါနဲ့ ကိုယ့်ကိုကိုယ် အဆုံးသက်
အဲဒါနဲ့ ကိုယ့်ကိုကိုယ် ပုံအပ်ထားကြ
အဲဒါနဲ့ ကိုယ့်ကိုကိုယ် မိုးမိခံကြတယ်တဲ့ .။
20.12.2011
Comment #2
oh,,,ofcourse.
i must thz so much to my beloved parents.
By: ei lay at Dec 20, 2011




Comment #1
ကိုချစ်မိုးဦး..
အားပေးသွားပါတယ်။