Professional Authors

တိမ်ညိုစိုင်းတဲ့ ကကြိုးများ

ပျံသန်းခဲ့တဲ့ ခရီးတိုင်းမှာ
ခြေရာတွေလည်း ပျောက်ဆုံးခဲ့
လေဟာနယ်ရဲ့ တိုက်ခိုက်မှုတွေ
ရင်ဆိုင်ယှဉ်ပြိုင်ရင်း အမှတ်မဲ့တဲ့
တိမ်ညိုတွေစိုင်းလို့ ကောင်ကင်ပြင်မှာ
အရိပ်မဲ ကကြိုးတွေ တန်ဆာ ဆင်နေပါရဲ့…..။

ခရီးကလည်း ဝေးလွန်းပါတယ်
နားခိုဖို့လည်း ခတ်လှပါတယ်
ခြေရာမဲ့တဲ့ ကောင်ကင်ပြင်ထဲ
နာရီလက်တန့်လည်း ပျောက်ဆုံးခဲ့
မနက်နဲ့ ည အလင်းနဲ့ အမှောင်တွေကြား
ဝိုးတဝါးနဲ့ ခရီးသွားနေရင်း
တိမ်ညိုတွေစိုင်းတဲ့ လောကဓံကောင်းကင်ပြင်ထဲ
ဘဝပုံရိပ်တွေက ကကြိုးဆင်နေဆဲ…….။

ဆေးစက်ကျရာ အရုပ်တွေရေးဆွဲ
မြေမကျတဲ့ လေဟာနယ်ထဲ
ကောင်းကင်ပေါ်က ပန်းချီကားချပ်တွေ
သူအလိုလို ဖျက်လိုက် အရုပ်ရေးလိုက်နဲ့
ပြောင်းလွဲမှုက မြန်ဆန်လွန်းလို့
တိမ်ညိုတိမ်စိုင်းတွေကြားမှာ
အမှောင် အလင်း မသိနိုင်ခဲ့….။

ကြိုးမဲ့ခဲ့တဲ့ သမိုင်းတစ်ပုဒ်က
လေဟာနယ်မှာ ခြေရာတွေ ပျောက်ခဲ့
မသိစိတ်ရဲ့ နောက်ကွယ်က
ထိန်းသိမ်းထားတဲ့ စည်းမျဉ်းတွေက
ကိုးကွယ်ရာ ဥပဒေဖြစ်လို့
စွမ်းအားရှင်တွေ ပျံသန်းခွင့်က
နယ်မြေတွေ ကန့်သတ်ချက်တွေ
ကာရံဖွဲ့နွဲ့ တံတိုင်းတွေနဲ့
အဆုံးအစမဲ့ တိမ်ညိုတိမ်စိုင်းတွေ
ကိုယ်စီကိုယ်စီ ကကြိုးတွေ ဆင်နေဆဲ…..။

သံသရာတစ်ခွင် ကျင်လည်လို့ ခြေရာမဲ့တဲ့
လေဟာနယ်တွင်း နှစ်သက်ရာ အရုပ်တွေရေးဆွဲကြရင်း
အသွင်တွေလည်း ပျောက်
သဏ္ဍာန်တွေလည်း ပျောက်ဆုံးခဲ့
အမူရာမရှိတဲ့ လောကကောင်းကင်ထဲ
တိမ်ညိုတွေလို ကကြိုးတွေ တန်ဆာဆင်နေဆဲ…..။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment