Professional Authors

သတိရရဲ့လား

မေ့မှာဆိုးတဲ့ ပုံရိပ်
အသည်းမှာ မှင်ကြောင်ထိုး
တယုတယ သိမ်းဆည်းခဲ့တဲ့ငါ
မှားပြီလား…….။
မအိပ်ဘဲနဲ့
ဘယ်လောက်လွမ်းကြောင်း
ဘယ်လောက်ချစ်ကြောင်း
ဖုန်းလေးနဲ့တယုတယပြောခဲ့တာငါ
မှားပြီလား…….။
နေ့စဉ်ရက်ဆက်
အသည်းကို ထပ်ပြီး
ကျောင်းသွားကျောင်းပြန်
ငါလိုက်နေခဲ့တာ
မှားပြီလား………။
မှားတဲ့ငါ
ရူးတဲ့ငါ
မိုက်တဲ့ငါ
ဘာကြောင့်များငါ
သူမကို လက်လွှတ်မိခဲ့တာပါလိမ့်……..
နင်ငါ့ကို မမုန်းရင်…….
နင် ငါ့ကို သတိရသေးရင်………
နင်ဘယ်အခြေအနေ ၊ ဘယ်နေရာ ရောက်ရောက်
နင် သတိရဖို့တခုက
ခပ်ရဲ့ ရဲ့ အသည်းနဲ့ သတိမရှိတဲ့ ငကြောက်တကောင်ဟာ
ရန်ကုန်မြို့ ရဲ့ အတွဲတွေထိုင်တတ်တဲ့
ကော်ဖီဆိုင်လေးထဲမှာ
အတွဲ မဲ့ တစ်ယောက်တည်းထိုင်နေမယ်ဆိုတာ သိပေးပါ
ငါ လွမ်းလျှက်ပါချစ်သူ…………..။

In: ကဗျာ Posted By: Date: Dec 15, 2011
Comment #1

so nice.
lots of meaning.

commentinfo By: ei lay at Dec 15, 2011
Comment #2

ငါ လွမ်းလျှက်ပါချစ်သူ…………..။

commentinfo By: May Kha at Dec 16, 2011
Comment #3

ta ti ya ye lar?

commentinfo By: ei lay at Jan 31, 2012
Comment #4

super super like,
so touching to my heart.

commentinfo By: ei lay at Jun 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment