Professional Authors

ကျွန်မနှင့် မဆီလျှော်သောကဗျာချို

ခံစားချက်အပြင်းစားတွေကို
မပြည့်စုံတဲ့ဘ၀မှာ၊ မီးလောင်တိုက်သွင်းလိုက်ရတယ်။
အလွမ်းတွေပြင်းထန်တဲ့အချိန်မှာ
မြိုသိပ်ကြိတ်မှိတ်နေလိုက်ရဘူးတယ်။
မျှော်မှန်းရာပန်းတိုင်ကို ချို့တဲ့စွာ ရိုင်နဲ့နဲ့
တက်နေရတဲ့ချိန်မှာ ၊
ငါ့ခြေထောက်တွေကို၊ ရက်စက်စွာမွှန်းခံခဲ့ရဘူးတယ်။
ပြောချင်ပါတယ်..
တစ်ကိုယ်လုံးမှာ ကြွယ်ဝဆုံးဖြစ်တဲ့ စိတ်ဓါတ်တစ်ခုကြောင့်သာ
ငါ….မာန်တင်းအံ့ကြိတ်လို့၊ ရတဲ့တက်နဲ့လှော်တတ်လို့သာပေါ့။
နေမင်း ၀င့်ချိန်မှာ ၊ လမင်းကိုမျှော်မှန်းမိတာလဲအကြိမ်ကြိမ်
နွေခေါင်ခေါင်မှာ ကြယ်ပွင့်လေးများကြွေလိမ့်နိုးနဲ့ပါ…
ချစ်သူနဲ့ငါ့ကို နေနဲ့လ လို့တင်စားတဲ့သူတွေကိုလဲမုန်းတယ်.
ထိုသို့သောသူများကြောင့်နေနဲ့လ လိုပဲ မဆုံနိုင်တဲံ
စကြာဝဌာထဲမှာလည်ပတ်နေရတယ်၊
ခန္ဒာထဲကအဆိတ်သွေးတွေကိုဖောက်ထုတ်သုံးဆောင်မဲ့
နဂါးမင်းကိုစောင့်ရင်း……. နဂါးလှည့်ချိန်ဆိုတာကိုနားလည်ခဲ့ရတယ်။
ဆိုနေကြ သီချင်းဟောင်းထဲတွေရယ်၊ ရေးနေကြ ပစ်စလက်ခက်ကဗျာအို
တွေကြောင့်၊ မင်းငါ့အနားပြန်မရောက်တာလားလို့သံသယ၀င်မိချိန်မှာပဲ
နတ်ဆိုးတစ်ပါးရဲ့ခက်အက်အက်ရီသံကိုတိုးတိုးလေးကြားမိတယ်၊
မိုးနတ်မင်းရဲ့အပြုံးတစ်ခုကိုလက်ကနဲမြင်လိုက်ရပြန်တယ်။
နင်ကတော့ရက်စက်ခြင်းဆိုတဲ့ ၀တ်လုံကိုဝတ်ပီး၊ ငါ့အနားကထွက်ခွာပြေးနေလိုက်တာများ။

 

In: ကဗျာ Posted By: Date: Dec 15, 2011
Comment #1

ပြင်းထန်လွန်းတဲ့ခံစားချက်တွေ၊
စိတ်ပျက်နာကျင်ခြင်းတွေနဲ့
ကိုယ့်ကိုယ်ကို ပြန်လည်အားပေးခြင်းတွေ
တွေ့လိုက်ရတယ်မမေခ
ဒါပေမယ့်….
မမေခရဲ့ခံစားချက်တွေကို
စကားလုံးတွေက အထိမိဆုံး မသယ်ခဲ့ဘူးပြောချင်ပါတယ်

ခင်မင်စွာအားပေးလျှက် . . .
ကိုသျှား

commentinfo By: lynnthantkoko at Dec 15, 2011
Comment #2

အိပ်ချင်မူးတူး နဲံ အားပေးသွားပါ၏ မေခ ရေ

commentinfo By: ridd at Dec 16, 2011
Comment #3

မမေခ…ကောင်းလှချည်းလားဗျာ..။ပြေးနိုင်တုန်းမို့လို့ပြေးနေတာပါ.အချိန်တန်းရင် မောပြီးရပ်ရင်ရပ်သွားမှာပေါ့
မဟုတ်ဘူလား…မမေခ ရ
ခံစားချက်တွေထပ်တူခံစားအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 16, 2011
Comment #4

ဆိုနေကြ သီချင်းဟောင်းထဲတွေရယ်၊ ရေးနေကြ ပစ်စလက်ခက်ကဗျာအို
တွေကြောင့်၊ မင်းငါ့အနားပြန်မရောက်တာလားလို့သံသယ၀င်မိချိန်မှာပဲ
နတ်ဆိုးတစ်ပါးရဲ့ခက်အက်အက်ရီသံကိုတိုးတိုးလေးကြားမိတယ်၊
မိုးနတ်မင်းရဲ့အပြုံးတစ်ခုကိုလက်ကနဲမြင်လိုက်ရပြန်တယ်။
နင်ကတော့ရက်စက်ခြင်းဆိုတဲ့ ၀တ်လုံကိုဝတ်ပီး၊ ငါ့အနားကထွက်ခွာပြေးနေလိုက်တာများ။
ခံစားချက်တွေပဲ ဂွတ်ရှယ်……..

commentinfo By: ကတုံးလေး at Dec 16, 2011
Comment #5

အားပေးလျက်………….။

Comment #6

အားပေးတဲံ့ညီအစ်ကိုမောင်နှမတွေကိုကျေးဇူးတင်ပါတယ်.. ( poem poemလေးရယ်. ကတုံးလေးရယ်. ridd , ကိုသျှားရယ် )
ကိုသျှားရေ………အထိမိဆုံးချပြချင်ပေမဲ့ ကိုသျှားလိုမတော်ဘူးလေ…..
လိုတာရှိရင်သင်ပေးပါနော်…..
Ridd ကဘယ်ကပေါ်တော်မူလာပါသလဲ……..:P

commentinfo By: May Kha at Dec 16, 2011
Comment #7

ကိုဇော်သက်ဦးကဗျာတွေကိုပြန်ဖတ်ချင်ပါတယ်………

commentinfo By: May Kha at Dec 16, 2011
Comment #8

မေခ…………
လက်ရာကောင်းတစ်ပုဒ်ဖတ်ရလို့ အားရမိပါတယ်

မင်းလူန

commentinfo By: kathitni1980 at Dec 16, 2011
Comment #9

မမေခရေ ဖက်နေရင်း ကြောက်စရာကြီးပါလားလို့ တွေးမိသွားတယ်

ချစ်သူနဲ့ငါ့ကို နေနဲ့လ လို့တင်စားတဲ့သူတွေကိုလဲမုန်းတယ်.
ထိုသို့သောသူများကြောင့်နေနဲ့လ လိုပဲ မဆုံနိုင်တဲံ
စကြာဝဌာထဲမှာလည်ပတ်နေရတယ်၊

တစ်ကယ်လို့သာ နေနဲ့လ ဆုံတွေ့ တိုက်မိခဲ့ရင်လို့ တွေးမိရင်း
ဘုရား ဘုရား မမေခ ရေ ….အနော်တော့ ဘယ်လိုဆုတောင်းပေးရမှန်းတောင် မသိတော့ဘူး
မမေခတို့ ချစ်သူနှစ်ဦး ဆက်ပီး မဆုံနိုင်ပါစေနဲ့ ပဲ ဆုတောင်းရမလား
ဒါမှမဟုတ် နေနဲ့လကိုပဲ……….

commentinfo By: nate thit at Dec 16, 2011
Comment #10

မမေခရေ . . .
ကျွန်တော် ဆရာကြီးလုပ်မိသွားတယ်ဗျာ
တောင်းပန်ပါတယ်
တကယ်က
မမေခသုံးတဲ့စကားလုံးတွေကို
ကျွန်တော် သဘောကျပါတယ်
တစ်ပုဒ်လုံးရဲ့ဟန်ချက်မမိဘူးလို့
ခံစားရတာပါ
အဲဒါကို ကျွန်တော်က စိတ်လောပြီး
ပြောမိသွားတာပါ
နားလည်ပေးနော် . . .

ခင်မင်စွာဖြင့် . . .
ကိုသျှား

commentinfo By: lynnthantkoko at Dec 16, 2011
Comment #11

အယ်………….ဘာကိုတောင်းပန်စရာလို လို့လဲ….
ဝါသနာရှင်မောင်နှမတွေပဲ……..အစ်မကတကယ်မတတ်တာပါ….
ရင်ထဲ ရျှိ တာကိုချတဲ့အဆင့်ပါ………ဝေ ဖန်ပေးပါကိုသျှား ရေ……
ကျေးဇူး တင်နေ ပါတယ်…….

commentinfo By: May K ha at Dec 17, 2011
Comment #12

ကောင်းတယ်ဗျာ့
အရင်ထက်ဆိုတော်တော်ကိုကောင်းပါတယ်
တခုဘဲရှိတယ်
ကဗျာက စကားပြေပုံစံနဲနဲလေးပေါက်နေတယ်
ကဗျာဆိုတာ ခံစားချက်ကို တိုက်ရိုက်ချရေးတာထက်
မသိမသာလေး ရေးတတ်ရင်ပိုကောင်းမလားလို့…
ဥပမာ တာရာမင်းဝေတို့ ဝေမှုးသွင်တို့ ကြည်ဇော်အေးတို့လိုပေါ့…..
ဝေဖန်ပေးတာနော်
သုံးထားတဲ့ စကားလုံးတွေက အရမ်းကောင်းပါတယ်……..
အားပေးနေပါတယ်………

Comment #13

လမင်းရေ……ဘယ်တွေပျောက်နေသလဲ…
ကဗျာတွေမတင်တော့ဘူးလား။ လိုအပ်တာကိုထောက်ပြပေးတာကျေးဇူးတင်ပါတယ်နော်…

commentinfo By: May Kha at Dec 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment