Professional Authors

♛ အက်စစ် (Acid) ထက်မှ မျက်ရည်စက် ♛

လေရိုင်းတစ်ချက် စေခိုင်းရိုက်ခတ်ချိန်

ဝေ့၀ဲသွားတဲ့ ချစ်ခြင်းမေတ္တာ

သစ္စာခြုံကာ ပြန်ထွေးပိုက်

ပါးပေါ် ကျပိုင်ခွင့်မရှိသာ

လွမ်းခြင်းစေရာ ဝေဒနာ

ထာဝရတာ သိမ်းထုပ်ကာ

“နွေးထွေးလွန်းတဲ့ ငါ့နှလုံးသား

ရေခဲရိုက်ထားပြီးတဲ့နောက်

နင့်အတွက်ပဲ ဖြစ်စေရမယ်”


ပေါက်ကွဲလုမတတ် ရောင်ရမ်းလာတဲ့

ဝဲဘက်ဦးနှောက်ထဲ

Virus တချို့ ပစ်ထည့်လိုက်တယ်

Memory တွေ ယို့ယွင်းသွားလေမလား

တွေးကြည့်စရာမလိုတဲ့

အဝေးက နင့်အရိပ်တွေ

အဆိပ်ပြင်းလိုက်ပုံများ

အတိတ်တွေ တဖွဲဖွဲဖြာကျ

သတိရခြင်းနဲ့ အလွမ်းတွေခ

စက္ကန့်တွေကိုခြွေချ

ပျောက်ရှခဲ့တဲ့ နေ့ညတွေထဲ

သောက်နေကျ ဆေးတွေတောင်

ဖျားသွားတယ်


တဆိမ့်ဆိမ့်နဲ့ မအီနိုင်တဲ့

သည်ရောဂါ

ကပ်ပါးကောင်ပမာ တွယ်ကပ်

ကိုယ်တွေပူလို့ သွေးတို့ဆူကာ

မျက်ရည်အိတ်ကြီးလည်း ခြောက်ခမ်းလာ

ရှေးယခင် အစဉ်အဆက်

သတ်မရခဲ့တဲ့ပိုး

ငါ့လက်ထက်မှာ ပိုကာဆိုးလို့

အကောင်ရေ တိုးလာလေသလား

တလက်လက် လျှံဖိတ်ဖို့ အရှိန်ယူ

မပျက်ကွက် မာန်သိပ်လို့ ဆီးကာချူ

ပါးပေါ် ကျပိုင်ခွင့်မရှိသာ

လွမ်းခြင်းစေရာ ဝေဒနာ

ထာဝရတာ သိမ်းထုပ်ကာ

“နွေးထွေးလွန်းတဲ့ ငါ့နှလုံးသား

ရေခဲရိုက်ထားပြီးတဲ့နောက်

နင့်အတွက်ပဲ ဖြစ်စေရမယ်”

 

မေခက်ဆူး

14 Dec 2011

(9:00PM)

In: ကဗျာ Posted By: Date: Dec 14, 2011
Comment #1

har,,,,,,,,,,,,,,
a yan mike de……..
lone wa good de………….
yae yae le le ko kway twar p,
yae ke yike htar de ngar hna lone tar nin a twat htar wa ya lat sat nay hmar par.

commentinfo By: ei lay at Dec 15, 2011
Comment #2

“နွေးထွေးလွန်းတဲ့ ငါ့နှလုံးသား

ရေခဲရိုက်ထားပြီးတဲ့နောက်

နင့်အတွက်ပဲ ဖြစ်စေရမယ်”

commentinfo By: May Kha at Dec 15, 2011
Comment #3

စာလုံးသုံးထားတာတွေ မိုက်တယ်ဗျ။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 15, 2011
Comment #4

“နွေးထွေးလွန်းတဲ့ ငါ့နှလုံးသား

ရေခဲရိုက်ထားပြီးတဲ့နောက်

နင့်အတွက်ပဲ ဖြစ်စေရမယ်”မိုက်တယ်…။

commentinfo By: SoFarAwayFromU at Dec 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment