Professional Authors

ဒါ………….သူငယ်ချင်းတဲ.

ငါကငါပေးနိုင်သလောက်
အမှန်တရားတွေထုဆစ်
နင်.အတွက်ဆို ဘာဖြစ်ဖြစ်ရပ်တည်
မျက်ရည်ဆိုတာကိုကြောက်လို.
ငါဖေးမအားပေးခဲ.တာ။

ငါကငါတတ်နိုင်သလောက်
အပြစ်ဆိုတာကိုမေ.
ရိုးရှင်းစွာခွင်.လွှတ်
အသုံးချနေတာသိလဲ
အားငယ်မှုဆိုတာကိုကြောက်လို.
ငါဖေးမအားပေးခဲ့တာ။

ငါကငါ့ကိုတန်ပြန်စေချင်သလောက်
ရက်ရောနေခဲ.တာမဟုတ်ဘူး
ဖြူစင်မှုနဲ.ခင်မင်မှုဆိုတာကိုပဲ
ရောင်ပြန်ဟပ်စေချင်တာ။
ငါပေးလိုက်တာတွေအတွက်
ဘာတစ်ခုမှမတောင်းတဘူး
ရိုးသားမှုသာမင်းပေးခဲ.ပါ။

ခင်မင်စွာတွဲထားတဲ.လက်
အပြုံးတွေဆင်ထားတဲ.မျက်နှာ
နောက်ကွယ်ကနေ
နောက်ကျောကိုဓားနဲ.အကြိမ်ကြိမ်မင်းထိုးလဲ
ငါနာကျင်မှုမဲ့နေတယ်။
ဒါကံတရားရဲ.အလိုလား
မင်းတစ်ယောက်တည်းရဲ.အလိုလား
ငါဆန္ဒကရောဘယ်လိုလဲ
သိသိရက်နဲ.ငါမှားနေမိတယ်
 
ငါပေးနိုင်သလောက်လေးပါ။
လောကမှာလူတွေမရိုးသားတော.လဲ
ရိုးသားစွာဖြူစေချင်တဲ.စိတ်
ငါမှာရှိနေသရွေ.တော.
ငါမျက်စိမှိတ်နေပါ.မယ်
ဘုရားသိပါစေကွယ်။

In: ကဗျာ Posted By: Date: Dec 12, 2011
Comment #1

right,,,
i agree with u…
koh yoe tar phyu sin hmu ka koh kou tan pyan tet yout say me.
kou saunt nat ne pha yar tar a ti sone pe,,,
thu ma ti le a ye ma g par bu..
bar loh le so dot thu ko ah mye nar le kwint hlut pay nay loh pe.

commentinfo By: ei lay at Dec 12, 2011
Comment #2

😉

commentinfo By: ei lay at Nov 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment