Professional Authors

ခရီးတခေါက်

မွေးနေ့အမှတ်တရ
သွားတဲ့ခရီးက စစ်ကိုင်းပေါ့
ဘုရားဖူးဖို့သက်သက်နဲ့
ချစ်တဲ့မိဘတွေနဲ့သွားခဲ့တယ်
ဘာပကာသနမှမပါပေမယ့်
တကယ်ပျော်ရတယ်
မပျော်ဘဲနဲ့
အသက်ရှင်ခဲ့ရတာ
ဘယ်လောက်တောင်ကြာနေပြီလဲ….
မုန်တိုင်းတွေကိုကျော်ဖြတ်ပြီး
သက်ပြင်းတွေကိုအဖော်လုပ်ရင်း
ပျော်ချင်ယောင်ဆောင်နေရတာတွေကများလွန်းတော့
တခါတရံရဲ့ အေးမြပျော်ရွှင်ခြင်းတွေက
တော်တော်လေးကိုခရီးရောက်လေရဲ့
ဒီ ခရီးကတော့
ကျွန်မရဲ့ ပျော်ရွှင်ခြင်းတွေဆီ
အလည်တခေါက်
ဒါမှမဟုတ်
ပျောက်ဆုံးခဲ့သော ပျော်ရွှင်ခြင်းတွေပြန်ကောက်တွေ့တဲ့
ခရီးတခေါက်ပါပဲ…။

In: ကဗျာ Posted By: Date: Dec 12, 2011
Comment #1

ဝမ်းသာလိုက်တာညီမလေးတွက်…….

commentinfo By: May Kha at Dec 12, 2011
Comment #2

” အသက်ရှင်ခဲ့ရတာ
ဘယ်လောက်တောင်ကြာနေပြီလဲ….
မုန်တိုင်းတွေကိုကျော်ဖြတ်ပြီး
သက်ပြင်းတွေကိုအဖော်လုပ်ရင်း
ပျော်ချင်ယောင်ဆောင်နေရတာတွေကများလွန်းတော့ … ”

very nice sis 🙂

commentinfo By: Myat Noe at Dec 12, 2011
Comment #3

Thanks sis May Kha and Myat Noe!!!!

commentinfo By: စုနိုင် at Dec 12, 2011
Comment #4

ပျော်ရွှင်ခြင်းတွေပြန်တွေ့သွားတာ ဝမ်းသာအားရဖြစ်မိပါကြောင်းးး 🙂

commentinfo By: နတ်သမီး at Dec 12, 2011
Comment #5

ဟုတ်တယ်ဗျ..၀မ်းသာပါတယ်။

commentinfo By: poem.poem28 at Dec 12, 2011
Comment #6

sound great

commentinfo By: ei lay at Dec 12, 2011
Comment #7

Good ပဲဗျာ…..။

Leave Comments

Name*

Email*
Website
Email me whenever there is new comment