Professional Authors

ကိုသျှား . . .သို့ သဲထဲရေသွန်တရားချခြင်းများ

အစတုန်းကတော့ မပြောတော့ဘူးလို့နေတာပဲ၊
အခုကျတော့ မပြောလို့မဖြစ်တော့ဘူး၊မင်းကိုယ်မင်းလဲ ပြန်ကြည့်ဦး၊
လူရုပ်တောင် ပေါက်သေးသလားလို့၊ထမင်းလဲ အချိန်မှန် မစားဘူး၊
ညညဆိုရင်လည်း ဘယ်အချိန်ကြည်ကြည့် ကဗျာရေးနေတာပဲ၊
ကဗျာမရေးလဲ ဆေးလိပ်ကြီးဖွာပြီး ငူငူကြီး ထိုင်နေတာပဲ၊
ဒီမယ်ကိုသျှား . . .သေစေနိုင်တဲ့ကျည်ဆံ မှန်ပြီး တစ်ခါတည်းသေသွားတာကမှ ကောင်းသေးတယ်၊
မင်းကျမှ ဘာမဟုတ်တဲ့စကားလုံးလေးတွေရဲ့အနှိပ်စက်ဒဏ်ကို ကျေကျေနပ်နပ်ကြီးခံရတယ်လို့ကွာ၊
ငါရင်နာလို့ မဆုံးဘူး၊ မင်းက ရထားတဲ့ဘွဲ့ကိုကျ ကျီးခြောက်စာခြောက်လေး ဘာလေးနဲ့၊
သူများဘွဲ့ရတွေလို ခေါ်သမျှအလုပ်တွေ လိုက်လျှောက်စမ်းပါ၊
ဒီအလုပ်မရရင် ရတဲ့အလုပ် လုပ်ပေါ့၊
မင်းကဗျာတွေက မင်းကို ထမင်းတစ်လုတ်တောင် ကျွေးနိုင်လို့လား၊
မင်းကဗျာတွေက မင်းကို လူတန်းစေ့နေနိုင်အောင် ထားနိုင်မှာတဲ့လား၊
အဲဒီလို မေးပြန်ရင်လဲ မင်းက ဒေါသတကြီး တုန့်ပြန်တတ်ပြန်ရော၊
တကယ်တမ်းကျတော့ မင်းက စကားလုံးတွေသောက်ပြီး
ညလုံးပေါက်မူးနေချင်တဲ့ခွေးဝဲစားတစ်ကောင်၊
ကဗျာပေါ်မှာ အချစ်ကြီးလွန်းတဲ့လင်ဆိုးမယားတစ်ယောက်ပဲ၊
မင်းတို့ကဗျာဆရာဆိုတဲ့ကောင်တွေကလဲ ခက်တယ်၊ ကိုယ့်သေတွင်းကိုယ် တူးခွင့်ရတာကပဲ
ဂုဏ်ယူစရာလိုလို၊အခုချက်ချင်းပဲ လောကကြီးကို ပြောင်းလဲပစ်တော့မှာလိုလို၊
ဘာတဲ့…မင်းပြောနေကျစကားတစ်ခွန်းရှိပါတယ်၊ ကိုယ်မယုံကြည်တဲ့အလုပ်ကို လုပ်တာဟာ
လက်နက်မပါဘဲ တိုက်ပွဲဝင်ခြင်းပဲဆိုလား၊အရမ်းကောင်း…လွှတ်ကောင်း၊
မင်းကလဲ ကဗျာကလွဲရင် ဘာကိုမှမယုံကြည်တဲ့ကောင်ဆိုတော့
မင်းရဲ့တိုက်ပွဲဝင်လက်နက်ဟာ ကဗျာပေါ့၊အဲဒီကဗျာလက်နက်ကြီး
ကိုင်ဆွဲပြီး တိုက်ပွဲဝင်တော့ ဘာဖြစ်လာလဲ၊လူ့ဘ၀တိုက်ပွဲမှာ
မင်းထိပ်ဆုံးက သေတာပဲ၊မင်း သိလား၊လူတွေက မင်းကို ရူးနေပြီတဲ့၊
လူတွေက မင်းကို အခေါ်အပြောမလုပ်တော့ဘူး၊
မင်းကလဲ လူတွေနဲ့ဝေးဝေးနေရတာကိုပဲ ပျော်လို့၊
လူတွေနဲ့ဆက်ဆံရတာကပဲ ညှီစော်နံသလိုလို၊
လူတွေကို မသတီသလိုလိုတောင် ပြောနေလိုက်သေး…၊
လာ လာချည်သေးရဲ့၊ဟိတ်ကောင် . . .ငါပြောနေတာတွေကြားလား၊
“ ဗျာ . . .”၊ငါပြောနေတာတွေ ကြားလားလို့၊
ဆောရီးဗျာ…မရေးရသေးတဲ့ကဗျာအကြောင်းစဉ်းစားနေလို့
ကျွန်တော် ဘာမှ မသိလိုက်ဘူး၊
ကျေးဇူးပြုပြီး နောက်တစ်ခေါက်လောက် . . .။               ။

                                                                                     ကိုသျှား

In: ကဗျာ Posted By: Date: Dec 7, 2011
Comment #1

မိုက်တယ်……
အဲ့ဒါမျိုးတွေကြုံရင်ကျွန်တော်လည်းဘယ်တော့မှ
မကြားလိုက်ဘူး…. တူလိုက်တာဗျာ 🙂

commentinfo By: terry at Dec 7, 2011
Comment #2

မှန်တယ်ဗျ…..
ကဗျာဆရာတို့ရဲရဲတောက်ကြစို့

commentinfo By: yaewintaung at Dec 7, 2011
Comment #3

အရမ်းမိုက်တယ် … ကြိုက်လို့ ကော်ပီကူးသွားတယ်နော်
(အဟဲ..ကူးပြီးမှခွင့်တောင်းသလိုဖြစ်သွားတယ် 🙂 )

commentinfo By: နတ်သမီး at Dec 8, 2011
Comment #4

ကြိုက်တယ်…
အားပေးသွားတယ် အကို

Comment #5

ကိုယ့်သေတွင်းကိုယ် တူးခွင့်ရတာ
he is a composer.
:hahar

commentinfo By: rocker at Dec 8, 2011
Comment #6

လာ လာချည်သေးရဲ့၊ဟိတ်ကောင် . . .ငါပြောနေတာတွေကြားလား၊
“ ဗျာ . . .”၊ငါပြောနေတာတွေ ကြားလားလို့၊
ဆောရီးဗျာ…မရေးရသေးတဲ့ကဗျာအကြောင်းစဉ်းစားနေလို့
ကျွန်တော် ဘာမှ မသိလိုက်ဘူး၊
ကျေးဇူးပြုပြီး နောက်တစ်ခေါက်လောက် . . .။ ။
(ဘ၀မှာအဲ့လိုမကြားချင်ယောင်ဆောင်ပီးနေချင်တယ်) ကောင်းပါ၏ …
အတိုင်းထက်အလွန်ပဲ………..

commentinfo By: May Kha at Dec 8, 2011
Comment #7

မင်းပြောနေကျစကားတစ်ခွန်းရှိပါတယ်၊ ကိုယ်မယုံကြည်တဲ့အလုပ်ကို လုပ်တာဟာ
လက်နက်မပါဘဲ တိုက်ပွဲဝင်ခြင်းပဲ
ကောင်းတယ် ။ မှန်တယ်။
အးပေးနေတယ် အစ်ကို။

commentinfo By: ကတုံးလေး at Dec 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment