Professional Authors

ရေရုပ်

ရေရုပ်

 

  • မိုးခို သစ်ပင်တွေ

 

ဆောင်းပျော် ငှက်တွေ

 

နွေတေးသီ ဥသြတွေ

 

ပတ်ဝန်းကျင်က

 

သူအရာနဲ့သူ တင့်တယ်လို့

 

ပင်ပန်းမှုကို ဆုတ်ကိုင်ထားတဲ့

 

အစုတ်အပဲ့ ယဉ်ကျေးမှုနဲ့

 

စရိုက်ကျကျ နှလုံးသားတစ်ခု

 

ဥတုသုံးပါးနဲ့ ရန်ဖြစ်နေတယ်……

 

 

  • လိပ်ပြာကိုယ်တိုင်

 

သယ်ဆောင်လာတဲ့ ချစ်ခြင်းတွေ

 

ပင်လယ် လှိုင်းနဲ့ အတူ

 

ရင်ခုန်သံ ထန်လွန်းတဲ့ နှလုံးသား

 

ကျောက်စက်ပန်းဆွဲလို

 

ငါမျက်ရေတွေ တွဲလုခိုနေတဲ့

 

သူမရဲ့ မရေရာ တေးသံတွေကြား

 

မျှော်လင့်ခြင်းကောင်းကင် ပြိုကျနေဘီ….

 

 

 

  • လူသစ်
In: ကဗျာ Posted By: Date: Nov 30, 2011
Comment #1

လုလင် အားပေးသွားပါသည်

Comment #2

အားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at Dec 2, 2011
Comment #3

ကျေးဇူး ဗျို့

commentinfo By: လူသစ် at Dec 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment