Professional Authors

ဆေးမမီတော့တဲ့ အဖြစ်အပျက်

နွေးထွေးမှုတွေအတွက်
စကားလုံးမရှိဘူး
ဒါပေမယ့် ကောင်းကင်နဲ့အပြည့်
လိုအပ်ခြင်းတွေနဲ့လည်း ချွေးမသိပ်ရက်ခဲ့ဘူး
ကိုယ့်ကိုကိုယ်နားလည်ရင်
ပြောမထွက်ခဲ့တာက
အက်ကွဲရာတွေထပ်နေတဲ့သူ
ကြေမွဖို့အသင့်ပြင်ရင်း
အဆုံးတစ်ခုကို မျှော်ကြည့်မိတယ်
ပြီးတော့..
လက်တွေ့မကျခြင်းတွေရောစပ်ရင်း
ခါးခါးသီးသီးပဲ မျိုချလိုက်ရတဲ့ အမှန်တရားတစ်ခွက်
အဖြစ်အပျက်တွေ အသစ်မဟုတ်ခဲ့ဘူး
ပြီးတော့..
အဖြစ်အပျက်တွေ ဆေးမမီတော့ဘူး  ။  ။

In: ကဗျာ Posted By: Date: Nov 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment