Professional Authors

ဗေဒင်ဟောသည် (တာရာမင်းဝေ)

“ဒေါက်”ခနဲ ဓားပေါက်သံအဆုံးမှာ
ကံကြမ္မာက ကားယားကြီးကျလာတယ်
သူ့ကို ကြိုးနဲ့ကူတပ်ပေးပါ
ခုချိန်ကစပြီး ကျုပ် ဗေဒင်ဆရာလုပ်မယ်
ကံကြမ္မာမရှိတဲ့ ဗေဒင်ဆရာ
မြင်းရိုင်းကိုစီးပြီး မြို့တော်ထဲဝင်လာမယ်။

တာရာမင်းဝေ

http://taryarminwaimemorial.blogspot.com/ မှကူးယူဖေါ်ပြပါသည်

In: ကဗျာ,တာရာမင်းဝေ Posted By: Date: May 18, 2010
Comment #1

သိပ်တော့နားမလည်ဘူးရှင့်

commentinfo By: သက်ထား at Aug 19, 2011
Comment #2

အကောင်းဆုံးတွေ ရထားတဲ့ လက်ရာပါပဲဗျာ…

commentinfo By: Toat Gyi at Oct 9, 2011
Comment #3

စိတ်ထွက်ပေါက်ကဗျာ တစ်ခုပါ . . .
တခါတလေ
မဟုတ်ဘူးဗျ အမြဲလိုလိုပါ။ ဆရာ့ရဲ့ ကဗျာတွေက မှော်ဆန်တယ်။
အဲ့သလိုပြောလည်းမပြည့်စုံဘူးဗျ
မသက်ထားရေ
ဥာဏ်မှီသလောက်ရှင်းပြမယ်ဗျာ
“ဒေါက်”ခနဲ ဓားပေါက်သံအဆုံးမှာ စိတ်ဆိုးတယ်လို့ မသုံးဘူးဗျာ
“ဒေါက်”ခနဲ ဓားပေါက်သံအဆုံးမှာ လို့ သုံးတော့ ဘယ်လိုပြောရမယ်မှန်းမသိအောင်လှတယ်

ကံကိုအပြစ်တင်လိုက်တယ် ကံကြမ္မာက ကားယားကြီးကျလာတယ်

ကံမကောင်းတော့ သူ့ကို ကြိုးနဲ့ကူတပ်ပေးပါ တဲ့

ကံမရှိတဲ့ ဗေဒင်ဆရာက မြင်းရိုင်း(စိတ်ရိုင်း)စီးပြီး မြို့ တော်ထဲဝင်တော့ . . . . . .

commentinfo By: Mickey at Jan 4, 2012
Comment #4

စကားလုံးအပိုအလျှံမရှိဘဲ လိုရင်းအရောက်ပို့ထားတဲ့ကဗျာလေးဗျ
ဖတ်ရတာ သိပ်အသက်ဝင်တယ် !!!!!!!

commentinfo By: X - ray at Feb 12, 2012
Comment #5

ဗေဒင်ဆရာစစ်စစ်က ကံကြမ္မာကိုမယုံဘူး။

commentinfo By: Zar Ni Soe Paing at Apr 21, 2012
Comment #6

ခုချိန်မှစ အဆုံးအဖြတ်
ကောင်းကင်အလိုကျ
ကျွ န်ေ တာ့် နှုတ်ကထွက်မယ်။

commentinfo By: နေရဲ at Sep 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment