Professional Authors

နတ်သမီးဖတ်လို့ မရတဲ့ ကဗျာတစ်ပုဒ်

ဟော…………..
ကျွန်တော်တအံ့တသြ ဖြစ်နေဆဲမှာပဲ
(နတ်သမီးလေ…….)
လင်းကနဲ လက်နေအောင်ကဗျာတစ်ပုဒ်ဖန်ဆင်းပြခဲ့တယ်
သူ့ နှင်တံထိပ်ဖျားက အဖြူရောင်ကြယ်ကလေးနဲ့ ပေါ့
တစ်ချက်လေးဝှေ့ ယမ်းလိုက်ရုံပါပဲ……
…………………………………………………………..
ကျွန်တော့်ခံစားမှုတွေ စကားလုံးတွေ ကဗျာတစ်ပုဒ်လိုအစီအရီ……..
…………………………………………………………….
………………………………………………………………………………………
ချစ်တယ်……..
…………………………………………..
အဲဒီ့လို အငမ်းမရရေရွတ်နေတဲ့ အစေအပါး
နတ်သမီးခြေဖ၀ါးအောက်မှာဒူးထောက်
(အရူးတစ်ယောက်လို…….)
အချစ်ရောင်သက်သက်လေး ချစ်တတ်ခဲ့တဲ့ကောင်
(ကုန်ကုန်ပြောမယ်ဗျာ……)
ဟောဒီ့ကောင်ရဲ့အချစ်……………..
………………………………………………………
အဖြူရောင်တောင် အစွန်းအညစ်မခံနိုင်ဘူး
(မရှင်းရင် သေချာဖတ်)
ဒီကဗျာက နတ်သမီးအတွက်သီးသန့် ရေးခဲ့တာ
ကျွန်တော်က နတ်သမီးရဲ့ကဗျာတစ်ပုဒ်
(ဒါပေမယ့် သေချာတာက…..)
ကျွန်တော်ဆိုတာ……
…………………………………………..
နတ်သမီးဖတ်လို့ မရတဲ့ ဘာသာခြားအချစ်ကဗျာတစ်ပုဒ်
အဲဒီ့လိုနဲ့ ပဲ…………
………………………………………………………………
ကျွန်တော့်ရင်ခုန်သံတွေ အထားအသိုမှားယွင်းနေခဲ့ရတယ်
(ထပ်ပြောဦးမယ်ဗျာ………)
ကျွန်တော်ဆိုတာ…….
……………………………………………..
နတ်သမီးဖတ်လို့ မရခဲ့တဲ့…………
………………………………………………………….
ဘာသာခြားအချစ်ကဗျာတစ်ပုဒ်ပါဗျာ……
………………………………………………………………………
နင့်နင့်နဲနဲ ကြေကွဲ…………
……………………………………………………………………………….
(အသည်းကွဲတယ်ဆိုတာ………)
ရှေးရှေးတုန်းက ပုံပြင်လေးတစ်ပုဒ်လို…………
…………………………………………………………….
……………………………………………………………………………………………။                              ။

                                                                                                           မိုးထက်အောင်     

In: ကဗျာ Posted By: Date: Dec 26, 2010
Comment #1

အိုကေ

commentinfo By: moehtetaung18 at Dec 26, 2010
Comment #2

I can read 😛 juz kidding!

commentinfo By: Gantgaw at Dec 26, 2010
Comment #3

ကြိုက်တယ်ဗျာ။ နတ်သမီးဖတ်လို့မ၇ပေမယ့် ကျွန်တော်တော့ဖတ်လို့ရပါတယ်နော်။ 😛

commentinfo By: moezat at Dec 26, 2010
Comment #4

ကျနော်လည်း ၀င်ဖတ်သွားပြီဗျို …. moehtetaung18 ရေ အရမ်းကောင်းတယ်..။

commentinfo By: နှောင်းလူ at Dec 27, 2010
Comment #5

ကျေးဇူးတင်ပါတယ်ခင်ဗျာ………….
poemscorner မှာကျွန်တော်ကဗျာစတင်သည့်နေ့ မှ ယနေ့ အချိန်အထိညီအရင်းလိုအားပေးခဲ့တဲ့
အစ်ကိုကြီးမိုးဇက်……..
တချက်တချက်ဝင်ဖတ်သွားပေးခဲ့တဲ့ ကံ့ကော်….
အမြဲလိုမဟုတ်ခဲ့ရင်တောင် အမြဲတမ်းနီးပါးအားပေးခဲ့တဲ့ နှောင်းလူ
အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ……

လေးစားစွာဖြင့်
မိုးထက်အောင်

commentinfo By: moehtetaung18 at Dec 27, 2010
Comment #6

အားပေးသွားးတယ် ဗျို့ ကိုမိုးထက်အောင်

commentinfo By: genius.jinx28 at Dec 27, 2010
Comment #7

ဟုတ်ကဲ့ပါခင်ဗျာ….ကျေူးဇူးအများကြီးတင်ပါတယ်

commentinfo By: moehtetaung18 at Dec 27, 2010
Comment #8

………………………တော် တော် လေး good တယ် ဗျာ.. ဘယ်လို ပြောပြ ရ မလဲ တောင် မသိ ဘူး
အဲဒီ့လို အငမ်းမရရေရွတ်နေတဲ့ အစေအပါး
နတ်သမီးခြေဖ၀ါးအောက်မှာဒူးထောက်
(အရူးတစ်ယောက်လို…….)
အချစ်ရောင်သက်သက်လေး ချစ်တတ်ခဲ့တဲ့ကောင်

commentinfo By: Demon 13 at Dec 27, 2010
Comment #9

ကျေးဇူးအထူးတင်ပါတယ်…..အကိုdemon 13 ရေ…..

commentinfo By: moehtetaung18 at Dec 27, 2010
Comment #10

ကို မိုးထက်ကြီး ကျွန်တော်ကြတော့ ဘာလို့ ဖတ်လို့ရ? အဲလို မလုပ်ပါနဲ့ အစ်ကိုရာ နတ်သမီးလေးတွေ သနားပါတယ်။။။။ ကိုမိုးထက်ကြီးကဗျာကို ဖတ်ချင်နေကြတာကို ………..

Comment #11

မဖတ်ချင်တဲ့ နတ်သမီးလေးရှိသေးတယ်လိပ်ပြာလေးရဲ့…..
သူ့ အတွက်ပါ…..:)

commentinfo By: moehtetaung18 at Dec 28, 2010
Comment #12

ငါလဲဖတ်လို့ရတယ်.. 😀

commentinfo By: ရွှေငါး at Dec 28, 2010
Comment #13

ဟုတ်…..နတ်သမီးမဟုတ်တဲ့သူတွေတော့ဖတ်လို့ ရတယ်လေ…..:)

commentinfo By: moehtetaung18 at Dec 28, 2010
Comment #14

သြော်…ရက်စက်လိုက်တာ…မဖတ်တော့ပါဘူး…. :'(

commentinfo By: အသဲကွဲမိုး at Jan 19, 2011
Comment #15

oh,,,
so nice,,,

commentinfo By: ei lay at Feb 20, 2012
Comment #16

😛

commentinfo By: ei lay at Jun 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment