Professional Authors

ဆို-ရွှေကြယ်မိုး

 

/* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;}

                                    ငါ့ကိုချစ်ပါတယ် ဆို

                                    ငါဟာတစ်ယောက်သောသူပါ..ဆို

ခုတော့ ဒါတွေပြောဖို့  နင်ရှိသေးရဲ့လား ဖြူဖြူ

မိုးစက်တွေအဝေးထွက်သွားကြပေမယ့်

အချိန်တန်ရင်ပြန်လာကြမှာပါ…

နင်ကတော့…လာချင်နေပါလျက်မလာနိုင်တော့ဘူး

ဖြူဖြူရယ်…နင် ဆုံးသွားခဲ့ပြီပဲဟာ

 

နံမယ်ကဖြူသလိုစိတ်ထားလည်းဖြူတဲ့နင်ဟာ

ဟိုအရင်က ငါ့ရဲ့သူငယ်ချင်း…

နောက်တော့ ငါ့ရဲ့ချစ်သူအဖြစ်ပြောင်းလဲသွားတယ်

ဒါပေမယ့် ဖြူဖြူရယ်…

ရုပ်လည်းအရမ်းချော ပိုက်ဆံလည်းရှိတဲ့နင်ဟာ

ငါ့ကို အပျော်တွဲတာပါလို့ ငါမှတ်ယူထားခဲ့တယ်

 

သံသယတွေပြည့်နှက်လာတဲ့ ငါဟာ

ငါ့နေ၀င်ချိန်ကို သတိမထားမိခဲ့ဘူး…

နင့်ကိုမယုံသင်္ကာလာရင်း ငါဟာ မှားမြဲမှားနေခဲ့တယ်…

နင်ကတော့ အရင်အတိုင်းပါပဲ

ပြောင်းလဲသွားတဲ့လူမိုက်က ငါပေါ့

 

ငါထင်ခဲ့တာက

ကျောင်းချင်းမတူတဲ့နင်ဟာ ငါ့ကွယ်ရာမှာ

အပြင်လူတစ်ယောက်နဲ့ တွဲနေတယ်ပေါ့

အဲ့ဒီ့နောက်တော့ အရာရာရိုးသားဖြူစင်တဲ့နင့်ကို

မဟာလူမိုက်ငါက ပြတ်စဲကြမယ့်အကြောင်းပြောလိုက်တယ်

ပတ်ဝန်းကျင်မှာမိုးတွေကလည်းသည်းနေခဲ့တယ်

ကောင်းကင်လိုလည်း နင့်မျက်နှာ မှောင်သွားခဲ့တယ်

 

တကယ်တော့နင်ဟာ ယုန်တစ်ကောင်လို

နူးညံ့သိမ်မွေ့ ခဲ့သူပါ…

နင့်ရဲ့လက်သည်းတွေက သူတစ်ပါးကို

တိုက်ခိုက်ဖို့ မဟုတ်ဘူး…

နင်ရဲ့နားရွက်တွေက ပညာရှိပါဆိုပြီး

မာန်ထောင်ဖို့ မဟုတ်ဘူး

နင့်သက်တမ်းတစ်လျှောက်လုံးမှာ

ရန်သူတစ်ယောက်တစ်လေတောင်မမွေးခဲ့ဘူး

အရာရာကိုနားလည်သိတတ်ပေးနိုင်သူအဖြစ်နဲ့ 

နေသွားနိုင်အောင်ကြိုးစားမယ်ဆိုပြီး နင်ရှင်သန်ခဲ့တယ်

 

 

 

နင့်အပြုံးမှာအရောင်တွေမရှိဘူး

နင့်စကားမှာဟန်ဆောင်ခြင်းတွေမပါဘူး

နင့်ဆံပင်မှာ ဓာတုဆိုးဆေးတွေ မတပ်ထားဘူး

“ငါနားလည်ပေးနိုင်သလို နင်နားမလည်တာ

စိတ်မကောင်းဘူး”လို့ ပြောတော့ ငါလှောင်ခဲ့တယ်

အဲ့နောက်တော့ ငါတို့ ဟာအခင်အမင်မပျက်နေထိုင်ခဲ့ကြတယ်

 

တကယ်တော့ ငါတို့ ဟာ

သေဖော်ရှင်ဖက်ဆိုလည်း မမှားဘူး

စိတ်တူကိုယ်တူဆိုလည်း မမှားဘူး

မှားသွားတာက နင့်ကိုဖြတ်ပစ်လိုက်တာ

ဟုတ်တယ်ဖြူဖြူ…ငါအရမ်းမှားသွားခဲ့တယ်ဟာ

 

နောက်ပိုင်းငါထားသမျှရည်းစားတွေနဲ့ 

ပြဿနာတက်တိုင်း နင်ကပဲဖြေရှင်းပေးခဲ့တယ်

Online မှာတောင်မကျန် ငါ့ကိုကူညီပေးခဲ့တယ်

ငါမမြင်ခဲ့တာက …

ငါတို့ ကြားက နှစ်ပေါင်းများစွာ သံယောစဉ်တွေ

ပြီးတော့…

တစ်ယောက်ဆိုတစ်ယောက်ပဲချစ်မယ်ဆိုတဲ့

နင့်စိတ်ထားကို…

 

မိန်းကလေးတွေကိုအရမ်းမချစ်နဲ့ …

သူတို့ စိတ်ပျက်အောင်နေပြတာဟာ

အကောင်းဆုံး စိတ်စမ်းနည်းပဲတဲ့…

နင်သင်ပေးသလို ငါလုပ်တယ် ဖြူဖြူ

သူတို့ မရှုမလှရှုံးကြပါတယ်

နောက်ဆုံတော့…

နင့်ဘ၀ထဲပဲ ငါပြန်ဝင်ခဲ့ရဲ့…

ငါတို့ လက်တွေ ချစ်သူတွေအဖြစ် ပြန်တွဲခဲ့ကြတယ်

ဒါပေမယ့်…မရှုမလှ ဇာတ်သိမ်းကြရမယ်လို့ 

ငါတို့ နဲနဲတောင် မရိပ်မိခဲ့ကြဘူး…ဖြူဖြူ

ဒီကြားထဲမှာ ငါကပြဿနာအမြဲရှာတယ်

နင်ငိုလောက်တဲ့အထိ ပြဿနာရှာခဲ့တယ်

 

ဟောကြည့်…

မရှိသင့်တဲ့နေ့ တစ်ခုမှာ

မဖြစ်သင့်တဲ့ သတင်းတစ်ခုရောက်လာခဲ့တယ်

နင်…ဆုံးပြီတဲ့လေ

ကြားကြားခြင်းမှာနေတွေ လတွေ စကြ၀ဠာတွေ

ပြိုဆင်းသွားမတတ်ပါပဲဖြူဖြူ…

ခုတော့…နင်ဆုံးသွားပြီတဲ့

နင်…ဆုံး…သွား…ပြီ…တဲ့..လေ

 

 

ကားနှစ်စီးခေါင်းချင်းဆိုင်တိုက်မှုမှာ

နင်ဟာမြေဇာပင်ပေါ့…ဖြူဖြူရယ်

နင့်ခေါင်းခွံကြေသွားပေမယ့် နင့်ဖြူစင်တဲ့

နှလုံးသားက ကြေသွားမှာမဟုတ်ဘူး ဖြူဖြူ

ငါ…သိပါတယ်…

ငါနင့်ကို ပြောပြချင်တာက နင့်သွေးတွေ

ငါ့ကိုယ်ထဲမှာ စီးဆင်းနေမယ်ဆိုတာပါ…

တစ်ခါက ဆေးရုံမှာ ငါသွေးလိုတုန်း နင်ကပဲ

သွေးလှုခဲ့တာ မဟုတ်လား…

အနောက်တိုင်းယဉ်ကျေးမှုကိုအားမပေးဘူး

ခေတ်ဆန်တာကိုမုန်းတယ်…စစ်ပွဲကိုမုန်းတယ်

စတာတွေပါ…စီးဆင်းနေလိမ့်မယ် ဖြူဖြူ

 

အောက်တိုဘာ 11 ရက်နေ့ ရောက်တိုင်း

နင်ရှိရာ အုတ်ဂူပြာလးပေါ်ကို ငါရေးတဲ့…

ကဗျာစာရွက်တွေ…ကဗျာစာအုပ်တွေ လာတင်မယ်ဖြူဖြူ

 

နင့်ဆီကငါကြားချင်တဲ့စကားတွေရှိသေးတယ်ဖြူဖြူရယ်

ငါရေးတဲ့ကဗျာတွေကို ကြိုက်ပါတယ်…ဆို

ငါ့ကိုခွဲမသွားပါဘူး..ဆို

ငါ့အပေါ်အမြဲတမ်းနားလည်ပေးသူပါ..ဆို

ခုတော့ နင်ပြောနိုင်သေးရဲ့လားဖြူဖြူ

ငါ့ကိုအရာရာနားလည်ပေးတဲ့နင် အခု

မရှိတော့ဘူး

အခုလို အခက်အခဲတွေရှိတဲ့အချိန်ဆိုငါအရမ်း

ဆို့ နင့်နေတယ်ဖြူဖြူရယ်…

 

နင်ပေးခဲ့တဲ့ အမှတ်တရပစ္စည်းတွေကို

ငါ…မှတ်မှတ်ရရရှိစွာနဲ့ ပဲ သိမ်းထားလိုက်ပါပြီ

ဆို့ နင့်ကြေကွဲစွာနဲ့ ငါဆုတောင်းတယ် ဖြူဖြူရေ

“နင်နဲ့ နောက်ဘ၀မှာ ဆုံရပါစေ”

“နင်ကောင်းရာ သူဂတိလားပါစေ..ဖြူဖြူရယ်”

ဆုတောင်းရင်း နင်ပြောခဲ့တာသွားသတိရတယ်

“ဆုတောင်းတွေက မ..ပြည့်..တတ်..ဘူး..” ဆို

                                                ရွှေကြယ်မိုး

In: ကဗျာ Posted By: Date: Nov 25, 2011
Comment #1

ဆို့ နင့်စွာဖတ်ဖြစ်သွားတယ်ဗျာ……

commentinfo By: moehtetaung18 at Nov 25, 2011
Comment #2

ကဗျာက တကယ့်အဖြစ်အပျက်လားဗျ
ဖတ်ရတာတကယ်စိတ်မကောင်းဘူး
တောင်းဆုတိုင်းက မပြည့်တတ်တာမဟုတ်ပါဘူးဗျ အားမလျှော့ပါနဲ့ ခင်ဗျားတောင်းဆုတွေ ပြည့်ရိုးမှန်ရင် ပြည့်မှာပါ
ကဗျာလေး အားပေးသွားပါကြောင်း ~~

commentinfo By: X - ray at Nov 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment