Professional Authors

အလင်းရှင်………သို့

အူဝဲဆိုပြီး ဖြူမဲံမသိစဉ်ကတည်းက
သွန်သင်ခဲ့တာ ငါတို့ရံ့ အမေ
ဘယ်ညာပါးမှာ သနပ်ခါးထပ်
ကျောင်းအပ်ဖို့ ခေါင်းပါးတဲ့ ခြူးများအတွက်
ဆူးကြားထဲ တိုးခဲ့ဘူးပြီ

ပညာတတ်ကြီးဖြစ်ရမယ်….တဲ့
အခါခါမှာတဲ့  အမေ့မျက်နှာ
သားဘယ်မေ့နိုင်ပါမလဲ  အမေ
သို့သော်လဲ
အပျော်တွေ တပွေ့တပိုက်နဲ့
မေ့မိုက်တဲ ဟောဒီသားကို
 မြေခတာတောင်  ခွင့်မလွှတ်ပါနဲ့  အမေ
အဆုံးမဲ့တဲ့ သံသရာမှာ
အမုန်းမရှိဘဲ အပြုံးချည်းသာသုံးတဲ့
ဒါ အမေ့မှာတမ်းလေ

သံသယရှိပေမယ့်
သံသယမျက်လုံးနဲ့ အကြည့်နဲ့
ဒါ….အမေ့ရဲ့ကထာပေါ့
အမေ
သားလေ နေ၀င်တာနေတာင်
စေ့စေ့မကြည့်ရဲတော့ဘူးအမေ
အမေ့ရဲ့
မေတ္တာအလင်းအောက်တွေဟာ
မိုက်မှောင်တဲ့ သားနောင်တထဲမှာ
တကယ့်တကယ်
အလင်းရှင်တပါးပါပဲ ……အမေ
အရာရာမှာ များများမပြော
သားကြီးရေ အစချီပေမယ့်
မှားပြီဆိုတာ များနေပြီ အမေ
ဒလဟောနောင်တ သာမျိုချခဲ့ရတာ
ခါးသီးလှရဲ့ အမေ

ခုတော့
အနေဝေးတဲ့အခါ  အမေပေးတဲ့ ကထာတွေ
သားရွတ်တတ်ခဲ့ပြီအမေ
မြူတွေ နဲ့အတူ ဖြတ်သန်းချင်ပေမယ့် 
အတောင်မရှိတဲ့ ငှက်တစ်ကောင်အတွက်
ဘယ်ဆီကို ရွက်လွှင့်ရပါ့  အမေ
ယိုင်လဲတဲ့ ပန်းတိုင်
ချိနဲ့တဲ့ အောင်မြင်မှု
ဝိုးတ၀ါး ဖြတ် သန်းနေရတော့
မယိုင်လဲတဲ့ မိုက်မဲမှုက
အနိုင်ယူနေပြီ အမေ
အမေ
အမေ
အမေ
မိုးလုံးပြည့်  အလင်းရောင်တွေ
မိုးလုံးပြည့်             အေးမြခြင်းတွေ
မိုးလုံးပြည့်               မေတ္တာတွေ
အဆမတန်
သားဆာလောင်နေပြီ  အမေ
……………………..

သား ဆာလောင်နေပြီ။

[email protected]

In: ကဗျာ Posted By: Date: Nov 22, 2011
Comment #1

အူဝဲဆိုပြီး ဖြူမဲံမသိစဉ်ကတည်းက
သွန်သင်ခဲ့တာ ငါတို့ရံ့ အမေ
ဘယ်ညာပါးမှာ သနပ်ခါးထပ်
ကျောင်းအပ်ဖို့ ခေါင်းပါးတဲ့ ခြူးများအတွက်
ဆူးကြားထဲ တိုးခဲ့ဘူးပြီ

Leave Comments

Name*

Email*
Website
Email me whenever there is new comment