Professional Authors

ကိုယ့်ကိုကိုယ်ပြန်မြင်နေရတဲ့ မှန်..

ငါ မြင်လိုက်သမျှတွေက 

ငါထင်ထားသလို ဖြစ်မလာတော့

ငါ သင်ယူဖို့ တော့လိုဦးမယ်။

အတ္တနည်းနည်း 

ကိုယ်ရည်သွေးမှူနည်းနည်း

အပြုံးတု နည်းနည်း 

အပေါ်ယံကအုပ်လိုက်ရင်တော့

ကြည့်ပျော်ရှုပျော်ဖြစ်ကောင်းပါရဲ့..။

ရေမြွေလိုလည်း ကျင့်ခဲ့ပြီးပြီ

မြွေပွေးလိုလည်း ကျင့်ခဲ့ဖူးပြီ

ခင်ဗျား မယုံတော့ဘူးဆိုရင်

ဒီ အလောင်းအစားကတော့

ပွဲမဖြစ်တော့ဘူး..။

တစ်ကိုယ်တော်ဖြေဖျောက်ခြင်းနည်းနည်း

အသပြာနဲ့ ပေးကမ်းရခြင်းနည်းနည်း

အဲ့ဒီလိုနဲ့ ပင်လယ်ရေဆိုတာလည်း

သောက်လို့မပြီးတော့တာ

ခုနှစ်ပေါင်းနည်းနည်း..။

ပင်လယ်ရနံ့ နည်းနည်း

မူးယစ်ဆေးဝါး နည်းနည်းနဲ့ 

ကိုယ်ခံအားနည်းလာလိုက်တာ

စိတ်တောင် အရည်လျော့လာတယ်..။

                              18/11/11

In: ကဗျာ Posted By: Date: Nov 20, 2011
Comment #1

အားပေးလျှက်ပါ …

commentinfo By: mgchannaye at Nov 20, 2011
Comment #2

လုလင် အားပေးသွားပါတယ်

Comment #3

ရေမြွေလိုလည်း ကျင့်ခဲ့ပြီးပြီ

မြွေပွေးလိုလည်း ကျင့်ခဲ့ဖူးပြီ

ခင်ဗျား မယုံတော့ဘူးဆိုရင်

ဒီ အလောင်းအစားကတော့

ပွဲမဖြစ်တော့ဘူး..။
…………
ကျွန်တော်…တပုဒ်လုံးကို….အရမ်းကြိုက်တယ်…

commentinfo By: အသဲကွဲမိုး at Nov 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment