ဒီနေ့ ….ဒီရက် …… ဒီအချိန်မှာ ……
အမြင်တို့ေ၀၀ါးလာတယ်
ပြန်မဆုံနိုင်တာ သေချာတဲ့ဒီနေ့မှာ
ဖြေသာနိုင်စရာ ဘယ်ကမ္ဘာမှာ ရှာရမလဲ…..?
အမြတ်တနိုးငေးမောဖူးသော မျက်ဝန်းညိုညိုတစ်စုံကို
အချိန်တို့ အတိုင်းအဆမဲ့စွာ ကျွန်မလွမ်းမော……
နှစ်သိမ့်မှုဆိုတာ ဘာလဲ…?
ကျွန်မကို သိပ်ချစ်ရက်နဲ့
သူနဲ့သာ ပေါင်းဖက်စုံမက်ရခြင်းတဲ့လား…..?
်တန်ဖိုးထားမိတဲ့ အမှတ်တရတွေ စီတန်း
ဒါပေမယ့်…….
ခုသူတို့က ပြောတယ်
ယုံတမ်းစကားတစ်ခုမို့ အသွင်ကွဲလွဲစွာ ဘ၀အသစ်စတင်ပါတော့တဲ့….။
ဂရုမစိုက်တာမဟုတ်တဲ့
ထိရောက်လွန်းတဲ့ အဓိပ္ပါယ်တွေထဲမှာ…
ကျွန်မ ဖွေရှာတွေ့ခဲ့ပါတယ်
ကျွန်မတို့ရဲ့ အကွာအဝေးတွေဟာ ….ရသမြောက်စွာ တံတိုင်းခြားခြင်းခံခဲ့ရတယ်…။
ဒိတ်လွန်နေတဲ့ အစဉ်အလာတစ်ခုအောက်မှာ
ကျွန်မချစ်သူ ပျော်ရွှင်စွာ အကျဉ်းချခံခဲ့တယ်….
နားလည်ပေးပါတယ်….
အနီးမှာ နေဖြစ်သွားတဲ့ တစ်စုံတစ်ရာ ဆက်နွယ်မှုဆိုတာကို….။
နောက်ဆုံးတော့လည်း……
မျှော်လင့်ချက်တို့ ပျောက်ဆုံးခဲ့တဲ့ ဒီနေ့ကိုပဲ
ကျွန်မ မဆီမဆိုင် အမုန်းကြီးမုန်းမိရင်း
အသံတိတ်ငိုပွဲတို့ ဆင်နွှဲ
ကျွန်မ ချစ်သူ……အရင်လိုသာ ရှင်သန်နေနိုင်ဖို့ ဆုတောင်းနေမိတယ်….
ဒီနေ့ ဒီရက် ဒီအချိန်မှာ
ကျွန်မဟာ တစ်ကိုယ်တော် ကြေကွဲခြင်းတွေနဲ့……
……များစွာ အချိုးကျ……
တကယ်တော့ ကျွန်မ လုံးဝ မုန်းမရနိုင်တာက
ဒီနေ့ ဒီရက် ဒီအချိန်မှာ…..ပတ်သက်သမျှတို့ ရပ်စဲရတော့မယ့်…..ကျွန်မချစ်သူ မောင့်ကိုပါ……။
အလွမ်း(ကေသရီ)
Comment #2
ဂရုမစိုက်တာမဟုတ်တဲ့
ထိရောက်လွန်းတဲ့ အဓိပ္ပါယ်တွေထဲမှာ…
ကျွန်မ ဖွေရှာတွေ့ခဲ့ပါတယ်
ကျွန်မတို့ရဲ့ အကွာအဝေးတွေဟာ ….ရသမြောက်စွာ တံတိုင်းခြားခြင်းခံခဲ့ရတယ်…။
By: အသဲကွဲမိုး at Nov 18, 2011
Comment #4
ဘယ်လိုစကားမျိုးပြောရမလဲမသိတော့ဘူး အလွမ်းးးး။
အဲဒါကြောင့် အားပေးသွားပါတယ်လို့ပဲပြောပါစေ..။
By: poem.poem28 at Nov 19, 2011
Comment #5
i m interested in th is cute title,,
By: ei lay at Nov 21, 2011
Comment #6
ဒီနေ့ ဒီရက် ဒီအချိန်မှာ
ကျွန်မဟာ တစ်ကိုယ်တော် ကြေကွဲခြင်းတွေနဲ့……
……များစွာ အချိုးကျ……
တကယ်တော့ ကျွန်မ လုံးဝ မုန်းမရနိုင်တာက
ဒီနေ့ ဒီရက် ဒီအချိန်မှာ…..ပတ်သက်သမျှတို့ ရပ်စဲရတော့မယ့်…..ကျွန်မချစ်သူ မောင့်ကိုပါ……။
By: မ at Apr 26, 2012




Comment #1
တကယ်တော့ ကျွန်မ လုံးဝ မုန်းမရနိုင်တာက
ဒီနေ့ ဒီရက် ဒီအချိန်မှာ…..ပတ်သက်သမျှတို့ ရပ်စဲရတော့မယ့်…..ကျွန်မချစ်သူ မောင့်ကိုပါ……။
ချစ်နေတုန်းပဲဆိုတဲ့ စကားတွေကြားတိုင်း ကိုယ့်ကို ကိုယ် ခွင့်မလွတ်နိုင်တာတွေ ပိုတယ်…..။
တကယ်ကို ကံဆိုးလွန်းပါတယ်……..ချစ်သူရယ်…. ။ ။