Professional Authors

ဘ၀သခင်သို့

 

 ဘ၀သခင်သို့

သံယောဇဉ်ကြီးသမို့

ဘ၀မှာ ကြုံတွေ့

ဘယ်တော့မှမမေ့ပဲ

ရင်မှာ ထိုးတဲ့

ရင်ထိုးမဟုတ်ပဲ

ထူးခြားတဲ့ ကျောက်စာ

နှလုံးသားမှာထွင်း

သွေးကြောကသွင်းတဲ့

သူမ အချစ်နဲ့

သူမကို ချစ်တယ်ဆိုတဲ့

အသိ…

လှပတဲ့

မျက်ဝန်း

ချစ်စရာကောင်းတဲ့

အသံကလေးတွေကို

ကြားယောင် မြင်ယောင်နိုင်တဲ့

ထူးခြားတဲ့ စွမ်းဆောင်နိုင်ခြင်းတွေကို

ပိုင်ဆိုင်ထားတဲ့အရာ

စား ဒီစိတ်

သွား ဒီစိတ်

ချစ်ခြင်းကို ရှေ့တန်းတင်

ဘ၀ကို ဆုံးဖြတ်

မင်းအတွက် လေ

အဆုံးတသက်အတွက်ပေါ့

စွန့်လွတ် ပါရစေ

ပေးပါရစေ

ဆောင်ရွက် ပါရစေ

ထူးဆန်းတဲ့ ခွင့်ပန်ခြင်းလေ

လက်ခံပါရဲ့လား ကောင်မလေးရေ………….။

In: ကဗျာ Posted By: Date: Nov 16, 2011
Comment #1

wow….
daw daw ko yae tat tar pe naw.
a yan mike de.
a sit tway lar hin?
a yan kyike de.

commentinfo By: ei lay at Nov 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment