Professional Authors

မမြင်ရသော နှလုံးသား( ကျွန်တော် နှလုံးသားနော်)

 

 မမြင်ရသော နှလုံးသား

ချည်နှောင်ထားတဲ့ ကြိုးဟာ

တွေ့လို့ မရနိုင်ပေမယ့်

ခံစားကြည့်ပါ မိန်းကလေးရေ

ခိုင်မာ ကြောင်း တွေ့ရပါလိမ့်မယ်

လူမမြင် အသံမကြား

စာလုံးတွေ ကဗျာတွေ

ကြားထဲက တွေ့ရတဲ့မင်းကို

မသိပေမယ့်

သတိထားမိတာတော့ အမှန်ပါပဲ…

စကားလုံးတွေကို

အသွင်ပြောင်း

နှလုံးသားက မွန်းတဲ့အတိုင်း

ချစ်ကြောင်းသက်သက်ကို

နေ့စဉ်ဖတ်ဖို့

မင်းအတွက် ကိုယ်လေ

နေ့တိုင်း ကဗျာတွေ စပ်နေမိတယ်…

နူးညံတဲ့ အချစ်တစ်ခု

ဘ၀တစိတ်တပိုင်းမှာ

ဝေဖန်မပိုင်းပဲ

အမှန်အတိုင်း

ဝန်ခံရရင်

ရိုးသားရရင်

မင်းကို သံယောဇဉ်တွယ်

မေတ္တာ ထားမိတာတော့

တကယ်ပါ…..

တစ်ခါတစ်ခါများလာတော့

ခဏတာအတွက် မဟုတ်

တစ်ဘ၀စာလို့ ရည်စူး

သူမအတွက်

ကျွန်တော်လေ

လေထဲ မှာ တိုက်အိမ်အကြီးကြီး

ဆောက်ခဲ့ဖူးတယ်………။

အကြောင်းကအမျိုးမျိုး

ကံကြမ္မာက ဆိုးလို့

ရုပ်မမြင် အသံမကြား

ချစ်မိလေသော

ကျွန်တော် ထိပ်ထားလေးအား

ရင်တွင်းအမှန်

ဖြစ်ပေါ်လေသော

စကားသံများကို

ဘယ် အချိန်များမှ

ကျွန်တော်လေ အားရပါးရ

ဖွင့်ချခွင့်ရပါ့မလဲ ဗျာ………။

In: ကဗျာ Posted By: Date: Nov 16, 2011
Comment #1

yoke ma myin a tan ma kyar le chit tar pe.
chit chin loh ko chit tar.
phyu phyu sin sin tant tant shin shin tan yaw zin lay ko be nat soe hma phyat se loh ma ya bu.
ta ba wa lone a twat yee ywe htar tar.
be thu hma ma myin bu.myin phoe le ma lo bu.
chit thu 2 yout pe myin naing tar.
yone like.

commentinfo By: ei lay at Nov 17, 2011
Comment #2

read again n again

commentinfo By: ei lay at Dec 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment