Professional Authors

စိတ်ငြိမ်တဲ့ အလင်း

ညက အပြစ်ကင်းတယ်

တိတ်ဆိတ်တယ်

တွေးချင်သလိုတွေး

ရေးချင်တာရေး

ငေးချင်သလိုငေး

နာရီသံနဲ့ပဲ စီးချင်းထိုးအုံးမလား?

ပိုးဟပ်နဲ့ အပြေးပြိုင်အုံးမလား?

အိမ်မြှောင်နဲ့ သီချင်းပြိုင်အော်မလား?

စိတ်ငြိမ်တဲ့ အလင်းနဲ့(အမှောင်ချတာကို ပြောတာ)

မျက်လုံးတွေ အနားပေးထားရင်

ဂစ်တာတွေက အသံမြည်တယ်

တိုးတိုးလေး ညည်းတယ်

ဖြေးဖြေးလေး ရွတ်တယ်

ကဗျာလိုလို

စာလိုလို

စကားလိုလိုနဲ့

ညိမ့်ညိမ့် ညောင်းညောင်းလေး

နားထောင်လို့ ကောင်းတယ်

တစ်ခုပဲ ဆိုးတယ် မင်းကို သတိရတယ်..

In: ကဗျာ Posted By: Date: Nov 14, 2011
Comment #1

ကိုဟန်သူအောင် က ညကို တော်တော် ဖွဲ့  တယ်နော်
လုလင် အားပေးသွားပါတယ်
တစ်ခုပဲ ဆိုးတယ် မင်းကို သတိရတယ်..

Comment #2

ညဘက် ကဗျာရေးမိလို့ပါဗျာ..အဲဒါကြောင့် အနီးစပ်ဆုံး ခံစားချက်ကို ယူထားတာ..
အားပေးတဲ့ အတွက် ကျေးဇူးပါပဲ..
မကောင်းလဲ အားပေးတဲ့ အတွက်လဲ
ထပ်ပြီးကျေးဇူးတင်ပါတယ်…ကိုလုလင်

commentinfo By: ဟန်သူအောင် at Nov 15, 2011
Comment #3

အစ်ကိုအားပေးသွားတယ်နော်

commentinfo By: lwannaythu at Aug 18, 2012
Comment #4

super like

commentinfo By: ei lay at Aug 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment