Professional Authors

အနှိုင်းမဲ့ မေတ္တာရှင်

မိသားစုကို အချိန်မပေးနိုင် ဝါသနာ စေတနာ အနစ်နာ
“နာ” သုံးနာကို လက်မှာကိုင်စွဲ အာဏာတွေ မသုံးဆောင်ပဲ
တပည့်တွေ ပညာတက်စေဖို့ ဘုတ်တစ်ချက်ပေါ် ကမ္ဘာပတ်လို့
ဆရာဟာ တပည့်တို့အတွက် အတွေးခေါ်ပညာရှင်လည်း လုပ်ခဲ့သူပါ..။

အတွေးခေါ်ပညာရှင် ဆရာဟာ
ကျောင်းသင်္ခန်းစာတွေနဲ့ တနေကုန်လည်ပတ်ရင်း
တပည့်တွေ စိတ်မသုဉ်းအောင် အပျော်ဖက်တဲ့
ဟာသဇာတ်ကွက်တွေ ပြဇာတ်ခင်းရင်း
မျက်လှည့်ဒုတ်ကို ဟန်ပါပါ ကိုင်ဆောင်လို့
စာသင်္ခန်းထဲမှာ ဆရာဟာ တပည့်တို့အတွက်
ကမ္ဘာကျော် လူမိုက်ကြီးလည်း လုပ်ခဲ့သူပါ..။

ဆရာဆိုတာ အရွယ်နုနယ်ကလေးငယ်တွေ
ကျောင်းသားဘဝ အတွေးခေါ်မတက်သေးတဲ့
အတွေးတွေကို တွေးခေါ်တက်စေဖို့
အသိဥာဏ်တံခါးတွေ ဆရာ ဖွင့်ပေးလို့
ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုအမွေနှစ်တွေ
သမိုင်းပညာရပ်တွေ သိပ္ပံသဘောတရားတွေ
ဝိဇ္ဇာသိပ္ပံပေါင်းကူးနည်းတွေ ဘာသာဗေဒတွေ
ပထဝီဆိုင်ရာတွေ သချာင်္ဗေဒတွေ
ဘောဂဗေဒတွေ ရူပဗေဒတွေ
ဆိုင်ရာဆိုင်ရာ ဘာသာရပ်တွေ
နေရာလိုက် တပည့်တွေ အဆင့်မြင့်စေဖိွု့
တပည့်တွေတိုးတက်စေဖို့ “နာ” သုံးနာကို
အခြေခံအုတ်မြစ်ချလို့ သင်ကြားပေးခဲ့သူပါ..။

ဆရာဆိုတာ ကုလားကာရဲ့အောက်
အဆင့်မြင့် စတိတ်စင် မီးရောင်စုံရဲ့အနောက်မှာ
မီးအမှောင်ကျနေသော်လည်း အားပေးသံ
ပီတိပျားရည်နဲ့ အောင်မြင်မှု ပန်းတိုင်ကို
တက်လှမ်းနေတဲ့ ချစ်တပည့်တွေရဲ့
အောင်မြင်မှုတွေကို စောင့်ကြည့်ရင်း
အနှိုင်းမဲ့ မေတ္တာတွေနဲ့ ဝမ်းမြောက်နေသူပါ..။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment