Professional Authors

စက်တင်ဘာငိုပွဲ၊ ကောင်းကင်နံပါတ် l၂၃l

စက်တင်ဘာငိုပွဲ၊ ကောင်းကင်နံပါတ် l၂၃l

ရှိရင်းစွဲ ရာသီဥတုထက်
စက်တင်ဘာကို မီးထတောက်ဖို့ အော်ခေါ်ခဲ့မိ
စိတ်ရဲ့ကမ်းက တဖက်စီခြားတဲ့အခါ
အညတြ မျက်ရည်ပန်းတွေ ပွင့်လို ပွင့်
သွေးနဲ့ သားနဲ့ ယာခင်းလေးကို ဘယ် ကေဘယ်(လ်)နဲ့ ချိတ်တွယ်မလဲ။

ဖွင့်ကြည့်ဖို့ မလိုဘူး
ညာဖက် နားသယ်စပ်နားက မှဲ့ကလေး
(မကြာခဏ ရင်ကို တိုးတိုက်မိသော)
စက်တင်ဘာ အက်ကြောင်းလေးထဲ
သေတဲ့ထိ အလွတ်ရတယ်။

ဒီမှာ ..
မိကောက် ရဲ့
ငါက-
ကိုယ့်ကိုယ်ကိုယ် ဖျော်သောက်နေမိတဲ့ မီးစ
တသက်တာ ထာဝရလို့လည်း
တရားတော်နဲ့ ဆန့်ကျင်ပြီး မဖွဲ့လိုဘူး
သိပ်သည်းဆများတဲ့ စက်တင်ဘာပုံဆောင်ခဲလို(လို)
မိုးစက်တွေဟာ တဟုန်းဟုန်းကျွမ်းလောင်စေl သတဲ့လား l
နာမည်မရှိတဲ့ စက်တင်ဘာဟာ ဘာမှမဖြစ်ခဲ့တဲ့အတိုင်း
(ငါ့ .. )
ရင်တစ်ခွင်လုံး အုံ့  မှိုင်း
အိမ်ပြတင်းမှာတော့ တိမ်ခိုးတွေ ဝေ  လို့
ပြီးခဲ့တဲ့ အတိတ်l၂၃lကို ဖုံးကွယ် လို့ .. ။

စက်တင်ဘာ (၂၃)
မ၇ှိခဲ့ဘူး
မဖြစ်ခဲ့ဘူး
မချစ်ခဲ့ဘူး
မဟုတ်ခဲ့ဘူး
မျက်စိစုံမှိတ်ပြီး အကြောက်အကန် ငြင်းချက်ထုတ်
သစ္စာတရားအကြောင်း စကားစမြည်ပြောဖို့
ငါ့နောက်ကျောတွေ မလုံဘူးဟာ
ဟောဒီ .. စက်တင်ဘာထံ အယူခံဝင်ဖို့ဆိုတာလည်း ..
တကယ်လို့ .. များ
တ     ကယ်     လို့     များ
တ          ကယ်         လို့         များ ..     .. ။     ။
                                                                မိုးခါး

In: ကဗျာ Posted By: Date: Nov 12, 2011
Comment #1

လုလင် အားပေးသွားပါသည်

Comment #2

bar tway hman le tay char ma ti bu.
ei lay ka ne ne iq hnaint de..he..he..
september 23 so loh sate win sar p phat kyi tar.

commentinfo By: ei lay at Nov 12, 2011
Comment #3

စက်တင်ဘာငိုပွဲအား လာရောက်အားပေးသွားကြောင်းပါ~~

commentinfo By: X - ray at Nov 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment