Professional Authors

စိတ်ဓာတ်အင်အား

မာကျောတဲ့ စိတ်ဓာတ်တွေနဲ့
ပေပေတေတေ လေလွင့်ရင်း
နံရံအခြားတစ်ဖက်ကို ရောက်ခဲ့ဘူးတယ်
အမည်မဲ့တဲ့ နံရံကိုထုချေစာတောင်းဖို့
အဆိုတင်သွင်းခဲ့ဘူးတယ်…..
ထုချေစာက ဆန္ဒတစ်ခုဖြစ်လို့
အမည်မသိ ရွာဆော်တွေက
သူတို့ကောက်တဲ့ အိမ်ထောင်စုစာရင်းထဲ
ဝင်ရောက်ခဲ့ဘူးတယ်…
သက်ရောက်မှုက တန်ပြန်တိုက်စစ်ဆင်လို့
မနေ့က အတိက်ပါတီပွဲလည်း ရောက်ခဲ့ဘူးတယ်
ဒါပေမဲ့ ပျော်ရွှင်မှုတွေ အားနည်းလာတဲ့
နေရောင်ခြည်အောက်မှာ အရိပ်တစ်ခု
စော်ကဲမင်းပြုခဲ့တဲ့ ဇာတာခွင်းကို
ဗေဒင်ဆရာ တေလေမင်းသားပြောခဲ့ဘူးတာ
ပြဇာတ်တစ်ခုမှာ တွေ့ခဲ့ဘူးတယ်…
မရေမရာ အိပ်မက်ပြင်လွှာမှာ
ဝိုးတဝါးဖြစ်နေဆဲ ထောင်ချောက်တံခါးဝမှာ
အလင်းရောင်တစ်ချက် သွေးကြောထဲကိုထိုးဖောက်လို့
သွေးစူအမှတ် ၁၀၀ ကျော် တက်ခဲ့ဘူးတယ်
ဒီနေ့တော့လည်း နံရံတဖက်မှာ
နေရသလို မထူးခြားသေးပဲကိုး….
မနက်ဖြန်တော့ ဖြစ်လာမှာပေါ့….
စိတ်ဓာတ်ပြင်းပြင်း ရှေးဆက်ရင်း
ညည်းတွားသံစိတ်သုန်းလို့ ခွန်အားကိုအသုံးပြုခဲ့ပြီ….

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 8, 2011
Comment #1

ကွမ်းစားရင် စိတ်ဓာတ်ခွန်အားကျတယ်တဲ့
ကွမ်းစားလျော့တဲ့

Comment #2

ကောင်းလှချေလားဗျ…
အားကျတယ်ဗျာရေးတတ်လိုက်တာ

commentinfo By: sharon myorr myor at Nov 8, 2011
Comment #3

ကဗျာကောင်းလေးပါပဲ…အားပေးနေပါတယ်။

commentinfo By: poem.poem28 at Nov 8, 2011
Comment #4

ကျေးဇူးတင်ပါတယ်………ကျွန်တော်လည်း ကြိုးစားပြီး အကောင်းဆုံးဖြစ်အောင် ဆက်လက်ရေးသားချင်ပါတယ် သို့သော် ရှာရွင်နဲ့ poem.poem တို့ရဲ့ စာသားတွေလည်း သဘောကျမိပါတယ် ပြီးတော့ ခမ်းမွန်ကစ်လေးရဲ့ ကွမ်းစာခြင်း ကိုလည်း သဘောကျပါတယ်….. လေထုပေါ်မှာ ဖုန်မှုန့်တွေ များနေသည် အာကာပြင်ကြီး ကာလာစုံ ဆေးချယ်တော့မည်…………သတိ………မကြာခင်……..လမ်းကြောင်းပြောင်းနိုင်သည်…….။။
ပုံ

အမိမြေ

Leave Comments

Name*

Email*
Website
Email me whenever there is new comment