Professional Authors

ဝန်ခံစရာ

အရုဏ်က ဌက်တွေ အသံကြူးတယ်

အထာမကျတဲ့ ဗလာ အဖြစ်နဲ့

ရင်မှာ ပြစ်ကွယ်..

ငါ့အချစ်က ငါ့ကို ပြန်ပြစ်ဖယ်တယ်

ချစ်သူရယ် ဘယ်အချိန်ကြည့်ကြည့်

ငါမင်းကို ချစ်တယ်..

 

ရနံ စူးစူး နုတ်မရရင်

တမ်းတမ်းတတ ရူးလဲ

လူးလူးလွန့်လွန့် ပါပဲ..

 

အခိုးအငွေ့တွေ ဖုန်းကွယ်နေသလားမသိ

အလွမ်းတွေ တငွေ့ငွေ့ ရစ်ဆိုင်နေတာလား မသိနဲ့

မှုန်ဝါးဝါး မျက်တောင် တခတ်အတွင်း

နှင်းရယ် ငါအရမ်းတမ်းတနေတယ်ကွယ်..

 

ဒီလမ်းကို ငါလျောက်မိနေပြီ

အလွမ်းနဲ့ တွဲလို့ လျောက်နေမိပြီ

ခါးသက်သက် မတွေ့ရပေမယ့်

ခါးသက်သက် ကောဖီပဲ တစ်ခွက်ပြီး တစ်ခွက် သောက်မိပြီ..

 

ဘာအကြောင်းပြချက်မှ မပေးတက်ဘူး

ရင်မှာ ဟာနေတာပဲ သိတယ်

ငါ့အလွမ်းဆိုတာ ငါ့ကိုပြန်ပြန် ရစ်တဲ့

တမ်းတခြင်း သက်သက်ပဲ ဖြစ်နေမိပြီ

ဘာအကြောင်းပြချက်မှ မရှိပဲ

ဒီမနက်မှာ ၀န်ခံစရာရှိပြီ..

In: ကဗျာ Posted By: Date: Nov 5, 2011
Comment #1

အားပေးသွားပါတယ်

Comment #2

အားပေးပါတယ်…။

commentinfo By: SoFarAwayFromU at Nov 5, 2011
Comment #3

so nice.

commentinfo By: ei lay at Nov 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment