Professional Authors

နယ်နမိတ်

အလိုချင်ဆုံး

အပြင်းပြဆုံး

အတောင့်တဆုံး

စိတ်ကူးတွေ

မော်ဖူးခဲ့ပါတယ်..

 

အတွေးနယ်ကို

စည်းတခြား လူတခြားနဲ့

ခ၀ါ ချလို့

အလည်လွန်သွားမိတဲ့

ဆန္ဒတွေက

မကြားတကြား လှစ်ဟနေသလို..

မပွင့်တပွင့်လဲ ဖွင့်ဟနေရတယ်..

 

လက်ကနဲ့ ထပွင့်တာ မဟုတ်ဘူး

ဖျောက်ကနဲ့လဲ ကြွေမသွားဘူး

အခိုင်အမာနဲ့ ခံစားမိတဲ့ 

တယုတယလေး..

မြတ်နိုးခြင်းတွေ ပျော်ဝင်နေတယ်

 

စိုးမိုးပါစေလို့

ရင်ခွင်လျောက်လမ်း ထဲ  ပန်းခင်းပေးထားပါတယ်..အော်

ချစ်သူရယ် နယ်နမိတ်ဆိုတာ ငါ့အတွက်

တစ်ကမ္ဘာခြားသလိုပါပဲကွယ်..

 

In: ကဗျာ Posted By: Date: Nov 3, 2011
Comment #1

wow,,,,
heart hti de

commentinfo By: ei lay at Nov 3, 2011
Comment #2

လက်ကနဲ့ ထပွင့်တာ မဟုတ်ဘူး

ဖျောက်ကနဲ့လဲ ကြွေမသွားဘူး

အခိုင်အမာနဲ့ ခံစားမိတဲ့

တယုတယလေး..

မြတ်နိုးခြင်းတွေ ပျော်ဝင်နေတယ်

Comment #3

တပုဒ်လုံးကောင်းတယ်
အစအဆုံးပြောစရာမရှိအောင်ပေါ့ဗျာ
အားပေးလျှက်ပါဗျာ..

commentinfo By: sharon myorr myor at Nov 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment