ချစ်ခြင်းသံသာရသစ်ငုတ်တို
 /* Style Definitions */
 table.MsoNormalTable
	{mso-style-name:”Table Normal”;
	mso-tstyle-rowband-size:0;
	mso-tstyle-colband-size:0;
	mso-style-noshow:yes;
	mso-style-priority:99;
	mso-style-parent:””;
	mso-padding-alt:0cm 5.4pt 0cm 5.4pt;
	mso-para-margin-top:0cm;
	mso-para-margin-right:0cm;
	mso-para-margin-bottom:10.0pt;
	mso-para-margin-left:0cm;
	line-height:115%;
	mso-pagination:widow-orphan;
	font-size:11.0pt;
	font-family:”Calibri”,”sans-serif”;
	mso-ascii-font-family:Calibri;
	mso-ascii-theme-font:minor-latin;
	mso-hansi-font-family:Calibri;
	mso-hansi-theme-font:minor-latin;
	mso-bidi-font-family:”Times New Roman”;
	mso-bidi-theme-font:minor-bidi;
	mso-fareast-language:EN-US;}
မနေ့က ငါကိုယ်တိုင်ဖတ်လိုက်ရတဲ့
သတင်းစာစောင် စာမျက်နှာပြင်မှာ
မျက်နှာပြောင်တိုက်တဲ့ စာတစ်ပုဒ်ဟာ
ဒီနေ့တော့ ကြီးကျယ်ခမ်းနားတဲ့ ဟိုတယ်ကြီးမှာ
အပေါင်းအသင်း ရံရွှေတော်တွေနဲ့ စုရုံးလို့
ရွှေတောင်ပေါက်လာတဲ့ သူ့မျက်နှာအသွင်က
ဂုဏ်ခြင်းထပ် အမြတ်အထင်နဲ့
မာနရှင် ယာယီချစ်သူဟာ မင်္ဂလာပွဲကျင်းပခဲ့တယ်..
အဲဒီနေ့က ငါကိုယ်တိုင်ဖိတ်စာကိုင်လို့
အရံသတိုးသားအဖြစ်နဲ့ ဓနရှင် မာနရှင်ရဲ့ မင်္ဂလာအခမ်းနားကို
တက်ရောက်ခဲ့တာ မေတ္တာတရားရဲ့ အတိမ်အနက်
သစ္စာတရားရဲ့ အမှန်တရားတွေနဲ့ ကရုဏာမြစ်ဖျားမှာ
ချစ်ခြင်းဟာ နှစ်ဦးသား သဘောထားအပြည့်နဲ့
နားလည်ခွင့်လွတ်ခြင်း လွတ်လပ်သောနယ်ပယ်ဆိုတာ
မာနရှင် ဂုဏ်ကြီးရှင် ချစ်သူ သိစေဖို့ပါ….
လမ်းခွဲခဲ့တဲ့ အဲဒီနေ့ည ငါ့ဝန်းကျင်မှာ
မူးယစ်ကမ္ဘာတုန်အောင် အော်ဟစ်သောက်စားရင်း
နှလုံးသားတေလေ တကောင်လို လေလွင့်ခဲ့သလို
ပေါက်ကွဲသံစဉ်တွေက စကြာဝဠာကိုရိုက်ခတ်လို့
စိတ်ပေါက်ရာကို ပြေးထွက် ခရီးတွေထွက်ခဲ့တဲ့
အရူးတယောက်ပမာ ဟားတိုက်ရယ်မောရင်း
လမ်းဆုံးသွားတဲ့ ချစ်သူရဲ့အိမ်ရှေ့မှာ
ငါ့ခရီးစိတ်ထွက်ပေါက်ကို ရပ်တန့် အသိဝင်လာခိုက်
နာရီလက်တန်က ငါ့လက်ပေါ်မှာတစ္ဆေခြောက်သလို
လှုပ်ရှားနေချိန် လေသာပြတင်းပေါက်က
မာနသခင် ဂုဏ်ကြီးရှင် ပျော်ပွဲတွေကို
ငါကိုယ်တိုင်မြင်ခဲ့ပေမဲ့ ငါ့ချစ်ခြင်းက အပြစ်ကင်းပါတယ်လေ..
နောက်တနေ့ အနာဂါတ်ဟာ ငါအတွက်တော့
အထီးကျန်ပြယုဂ်တစ်ခုလို သရုပ်ဖော်ရင်း
ငါရှေ့မှောက်က မာနရှင်အရိပ်ကို
ငါကိုယ်တိုင် ရိပ်ကနဲ့မြင်မိလို့ လှည့်ကြည့်ခိုက်
နွမ်းလျာနေတဲ့ မာနရှင်မျက်နှာလေးကို တွေ့လိုက်မိတယ်
ဒါပေမဲ့…
ငါ့ကိုယ်တိုင် ငါ့သိက္ခာတွေ စောင့်စည်းရင်း အဖြေရှာခတ်တဲ့
မေးခွန်းပုစ္ဆာတစ်ခု ငါကိုယ်တိုင် သူ့ကိုမေးမိခဲ့တယ်
ငါ့မေးခွန်းတွေ အိုဟောင်းနွမ်းတဲ့ ခေတ်အိုကို
ရောင်ပြန်ဟက်လို့ ချစ်သက်ချွေအတိက်တစ်ခုကို
သတိပေးအမိန့်ဖြစ်ခဲ့တော့ နောင်တတွေနဲ့
ရင်ဖိတုန်ခါ ငိုရှိုက်ရင်း တောင်းပန်ဖူးခဲ့တယ်လေ..။
မင်းတောင်းပန်းလို့ ငါကိုယ်တိုင် ငါမာနကို ခဝါချ
ပယ်မရတဲ့ ငါချစ်ခြင်းမေတ္တာကို သံသာရသစ်ငုတ်တိုပမာ
စကားတင် ဆန်းအလင်္ကာတွေ ပတ်ပျိုးသီကုံးရင်း
အတွေးရိပ်က အိမ်အပြန်လမ်းခရီးလို
ကြမ်းတမ်း ခက်ထန် ဆူးခရောင်းတွေနဲ့
ကာရံထားလည်း ချစ်ခြင်းဟာ သံသာရသစ်ငုတ်တိုလို
ရှင်သန်ရာ ဘဝတဖန်ပြောင်းလွဲခြင်းပေါ့….။
တက္ကသိုလ်မြတ်မင်း
Comment #2
အဲဒီနေ့က ငါကိုယ်တိုင်ဖိတ်စာကိုင်လို့
အရံသတိုးသားအဖြစ်နဲ့ ဓနရှင် မာနရှင်ရဲ့ မင်္ဂလာအခမ်းနားကို
တက်ရောက်ခဲ့တာ မေတ္တာတရားရဲ့ အတိမ်အနက်
သစ္စာတရားရဲ့ အမှန်တရားတွေနဲ့ ကရုဏာမြစ်ဖျားမှာ
ချစ်ခြင်းဟာ နှစ်ဦးသား သဘောထားအပြည့်နဲ့
နားလည်ခွင့်လွတ်ခြင်း လွတ်လပ်သောနယ်ပယ်ဆိုတာ
မာနရှင် ဂုဏ်ကြီးရှင် ချစ်သူ သိစေဖို့ပါ….
 By: May Kha at Nov 3, 2011
                        By: May Kha at Nov 3, 2011
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
မနေ့က ငါကိုယ်တိုင်ဖတ်လိုက်ရတဲ့
သတင်းစာစောင် စာမျက်နှာပြင်မှာ
မျက်နှာပြောင်တိုက်တဲ့ စာတစ်ပုဒ်ဟာ
ဒီနေ့တော့ ကြီးကျယ်ခမ်းနားတဲ့ ဟိုတယ်ကြီးမှာ
အပေါင်းအသင်း ရံရွှေတော်တွေနဲ့ စုရုံးလို့
ရွှေတောင်ပေါက်လာတဲ့ သူ့မျက်နှာအသွင်က
ဂုဏ်ခြင်းထပ် အမြတ်အထင်နဲ့
မာနရှင် ယာယီချစ်သူဟာ မင်္ဂလာပွဲကျင်းပခဲ့တယ်..
ကောင်းလိုက်တဲ့ စကားလုံးတွေ