Professional Authors

သူလိုကိုယ်လိုမဟုတ်ဘဲရင့်မှည့်ခဲ့တဲ့သစ်သီးတစ်လုံး

 

တစ်ထောင့်တစ်ညပုံပြင်တွေအကြောင်း

ကျွန်မ မပြောရသေးဘူး

လိုက်တမ်းပြေးတမ်းကစားရင်း

ချော်လဲခဲ့ဖူးတဲ့အဖြစ်တွေက လူထက်

ရင်ကိုပိုတောက်စေတယ် ..

ဘယ်လိုနတ်ဆိုးတစ်ပါးပါးကများ

ကျွန်မအကြားအာရုံကို အမှောင့်ပယောဂတိုက်

ကန်းစေခဲ့ပါလိမ့်….

(ခုတော့ အမြင်တွေပါဝေဝါးခဲ့ရပြီ)

မဖျစ်ညစ်ကျယ်အတွေးအခေါ်လေးနဲ့

ပေါ့ပေါ့ပါးပါးလေးတော့ ဒီရင်ခွင်တံခါးကို

လာမခေါက်ချင်ပါနဲ့ .. ချစ်ခြင်းရဲ့တဖက်မှာ

တို့တွေ အိမ်ဆောက်တမ်း ကစားကြည့်တာပေါ့

(လာပါ … ငါတို့လက်တွေနဲ့ စိတ်တူကိုယ်တူ လေထဲတိုက်အိမ်ဆောက်ကြည့်တာပေါ့)

အခါအားလျော်စွာ

ထားခဲ့ရတဲ့ ညနေဟောင်းတွေက

ရောက်လာမဲ့ ညနေသစ်ကို ဆီးကြိုပွေ့ဖက်ဖို့

အလင်္ကာအသစ်တွေနဲ့ ရင်ခွင်တံခါးကိုဖွင့်ကြိုလိုက်စို့လား

(အဲ့ဒါ လိပ်စာမှားရောက်လာတဲ့ ငါ့ရဲ့အစိမ်းရောင်ဧည့်သည်သစ်အတွက်)

ဆင်ဆာမဲ့တဲ့လား

အဲ့ဒီစက်ရုံကထွက်တဲ့ စကားလုံး တွေက

အပုပ်အသိုးတွေမှ မဟုတ်တာ

ရွှေရောင်ထွင်းပြီး စိန်စီထားတာတဲ့ ….

(တို့နှစ်ယောက်ကြားမှာ သက်တန့်လိုနားလည်မှုမျိုးရှိဖို့လိုပြီ….)

တကယ်တော့ အထုအဆစ်များတဲ့လမ်းတွေက တခါတခါ

ဖုန်ထူလွန်းတယ် …

 

နတ်သမီး

In: ကဗျာ Posted By: Date: Nov 2, 2011
Comment #1

ချော်လဲတဲ့ နတ်ဆိုးတစ်ပါး၇ယ်
မဖြစ်ညစ်ကျယ်အတွေးအခေါ်လေးနဲ့ ငါ့ရင်ခွင်တံခါးကို လာမခေါက်ပါနဲ့ဟယ် ။
(အဲ့ဒါ လိပ်စာမှားရောက်လာတဲ့ ငါ့ရဲ့အစိမ်းရောင်ဧည့်သည်သစ်အတွက်)တဲ့ကွဲ့ ။
ကဲလာ…ရွှေရောင်ထွင်းပြီး စိန်စီထားတဲ့ သက်တန့်တွေ ဖန်ဆင်း
ချစ်ခြင်းတေးတွေ သီဆိုကြမယ်။
ကြိုက်တယ်။
ကဗျာလေးကို ကြိုက်တာ

Comment #2

တစ်ထောင့်တစ်ညပုံပြင်တွေအကြောင်း

ကျွန်မ မပြောရသေးဘူး

လိုက်တမ်းပြေးတမ်းကစားရင်း

ချော်လဲခဲ့ဖူးတဲ့အဖြစ်တွေက လူထက်

ရင်ကိုပိုတောက်စေတယ် ..

ဘယ်လိုနတ်ဆိုးတစ်ပါးပါးကများ

ကျွန်မအကြားအာရုံကို အမှောင့်ပယောဂတိုက်

ကန်းစေခဲ့ပါလိမ့်….

commentinfo By: May Kha at Nov 2, 2011
Comment #3

ဟောဒီကောင် ညံ့ဖျင်းလိုက်ပုံက
ဘယ်တော့မှ ပွင့်မှာမဟုတ်တဲ့
တံခါးကိုပဲ လက်ဆစ်တွေနာတဲ့ထိ
အခါခါခေါက်နေမိသေးရဲ့။ ။
llနေနော်ll

commentinfo By: မိုးခါး at Nov 2, 2011
Comment #4

ကောင်းတယ်ဗျ။ အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment