Professional Authors

ရေဖွေးဖွေး

အခုတစ်လော အတွေးတွေ

ထွေခုန်နေခဲ့တယ်..

ကြိုးဝိုင်းထဲမှာ အလဲထိုးထားတဲ့

မင်းရဲ့ အပြုံးတွေ လက်ကနေ

မထနိုင်သေးဘူး..

လဲကျသွားပေမယ့်

ငါ့ရင်ထဲ တမ်းတခြင်းတွေ

ပိုက်ထားဆဲ..

အလွမ်းတွေပေးရမှာ နှမြော.. နှမြောရင်းနဲ့

ဝေးရမဲ့ အဖြစ်လို

ငါ ကုန်းကျုံးမထပါရစေနဲ့..

အမှတ်မထင်ပေးလဲ

အမှတ်တရပါပဲ..

ငါ အလွမ်းရေဖွေးဖွေးမှာပဲ

ဆက်လျောက်ချင်တယ်…

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

အမှတ်မထင်ပေးလဲ

အမှတ်တရပါပဲ..

ငါ အလွမ်းရေဖွေးဖွေးမှာပဲ

ဆက်လျောက်ချင်တယ်…

commentinfo By: May Kha at Nov 1, 2011
Comment #2

a hmat ma htin pay le a hmat ta ya par be.
a yan mike de.
kyike de,

commentinfo By: ei lay at Nov 2, 2011
Comment #3

ငါ အလွမ်းရေဖွေးဖွေးမှာပဲ

ဆက်လျောက်ချင်တယ်…

Leave Comments

Name*

Email*
Website
Email me whenever there is new comment