Professional Authors

လူပျိုလေးဖတ်စာ

ရှာရွန်က ရေးတယ် ။
အချစ်ဟာ
ကျည်ဆံရထားလို 
ခုတ်ခုတ်မောင်းနေလို့ 
ငါ့ ရင်ခွင်ဟောင်းလောင်း
အခွံချည်းကျန်ရစ်
အလွယ်စကားဆို…..အထာ
ကြီးကြီးကျယ်ကျယ်ဆို…..အချစ်ပေါ့ 
နားနဲ့ မဆံ့ တော့လို့ 
ခါးချိနေလို့ 
တဲ့ ။
ကျည်ဆန်ရထားတွေ တစ်စင်းပြီး တစ်စင်း
ဓာတုလက်နက်တွေအသင်းအပင်း
တက္ကသိုလ်မြတ်မင်းက အဲ့ဒါ သီချင်းတဲ့ ။
စိန်မခေါ်ရဲပဲ
စိန်မခေါ်ရပဲ
ချန်ပီယံဆိုပြီး ၀ါကြွား
ပန်ချာပီများကို ဆရာတင်
ငါတော်တယ်လို့ ဘ၀င်လေဟပ်
မိဿမင်းသမီးလို ဇာတ်နာ
ဒါလဲ ခပ်ချာချာ ကဗျာတစ်ပုဒ်ပေပဲ။

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

စိန်မခေါ်ရဲပဲ
စိန်မခေါ်ရပဲ
ချန်ပီယံဆိုပြီး ၀ါကြွား
ပန်ချာပီများကို ဆရာတင်
ငါတော်တယ်လို့ ဘ၀င်လေဟပ်
မိဿမင်းသမီးလို ဇာတ်နာ
ဒါလဲ ခပ်ချာချာ ကဗျာတစ်ပုဒ်ပေပဲ။..:)
ခပ်ချာချာကဗျာတပုဒ်ကိုခပ်ချာချာကောင်မလေးတစ်ယောက် ဖတ်သွားပါတယ်..
ကြိုက်ပါ၏

commentinfo By: sharon myorr myor at Nov 1, 2011
Comment #2

ကိုယ့်သူငယ်ချင်းရေးတာဆိုတော့ ခွင့်လွတ်နားလည်မှုအပြည့်နဲ့ ဒေါသရင်အုံကို ဖြိုချလို့ အားပေးမှုအပြည့်နဲ့ ကြိုဆိုမိပါတယ်………သူငယ်ချင်း…..

တက္ကသိုလ်သားတွေမို့ အမြတ်တော့ မထားသင့်ပါဘူး
လက်တော်အားရင်ဖြင့် လာလှည့်ပါ ခဏ……..အဟိ..
အဟိ

Comment #3

kwi,,kwi,,
rofl

commentinfo By: ei lay at Jan 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment