Professional Authors

တိမ်တစ်စနဲ့ချုပ်တဲ့ညနေ

‘ချစ်တယ်’ ဆိုတာ

တကယ်တော့ ပျားရည်တစ်စက်နဲ့

ဓားတစ်လက် နေရာခြင်းလဲလိုက်တဲ့သဘောပါ

မှားယွင်းခဲ့တဲ့ ညနေတွေမှာ

အမှောင်စုန်းတွေက ညကို ပိုနက်သထက်နက်စေခဲ့ရုံလေးပေါ့

နှစ်ချို့သံယောဇဉ်ဆိုတာ ကြာလေရင့်လေ၊ ရင့်လေ ကြွေဖို့နီးလေတဲ့

ဒါဟာ သဘာဝတရားဆိုရင်တော့

ငါ့အတွက် အဖြူသက်သက်တစ်ခုပဲ ထားခဲ့ပါ

ပြန်ငုံ့ကြည့်လိုက်ရင်တောင် ဘာအနာတရမှမပေါ်တဲ့ ဒီရင်ဘတ်က

ဘာကြောင့် နာကျင်ဆွံ့အ ဘယ်အချိန်တုန်းကတည်းက သေသွားခဲ့ပါသလဲ…

အို … အရှင်

ငါ့ သခင်
အသင်ဟာ တိမ်ကိုကာ

မြောက်ပြန်လေနဲ့အတူ ဆန်တက်ပျောက်ကွယ်သွားမယ်ဆိုတာ

အဘယ့်ကြောင့် အကျွန်ုပ်အား အယောင်မျှမပြခဲ့ပါသနည်း။

 

နတ်သမီး

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

ဘာကြောင့် နာကျင်ဆွံ့အ ဘယ်အချိန်တုန်းကတည်းက သေသွားခဲ့ပါသလဲတဲ့ ။
ကောင်းတယ်။
မေးသင့်တယ် ။
ဘာကြောင့် နာကျင်ရ ဘာကြောင့်နာကျင်လျက်နဲ့ ဆွံ့အခဲ့ရ…
ဘယ်အချိန်က သေဆုံးခဲ့ရ…။
ဘ၀ဆိုတာ မိုးကောင်းကင်ဆိုရင် အချစ်ဟာ တိမ်တစပေါ့ ။
မိုးညတွေမှာ တိမ်ကြွေတယ် ။ ဟုတ်တယ်လေ ။ ကြယ်ကြွေကို ကောက်လို့ မရပေမဲ့
တိမ်ကြွေကိုတော့ မိုးစက်အဖြစ်ကောက်ယူလို့ရတယ်ထင်တယ် ။
နတ်သမီးခင်များ…..
တိမ်ကြွေများအကြောင်း
ကြယ်ကြွေများအကြောင်း
နတ်စောင်းသံတစ်လက်နဲ့ တီးခပ်ပ…
နတ်သံစဉ် မှော်ဝင်တေး ဆိုငြီးပ….

Comment #2

‘ချစ်တယ်’ ဆိုတာ

တကယ်တော့ ပျားရည်တစ်စက်နဲ့

ဓားတစ်လက် နေရာခြင်းလဲလိုက်တဲ့သဘောပါ

မှားယွင်းခဲ့တဲ့ ညနေတွေမှာ

အမှောင်စုန်းတွေက ညကို ပိုနက်သထက်နက်စေခဲ့ရုံလေးပေါ့

နှစ်ချို့သံယောဇဉ်ဆိုတာ ကြာလေရင့်လေ၊ ရင့်လေ ကြွေဖို့နီးလေတဲ့

ဒါဟာ သဘာဝတရားဆိုရင်တော့

ငါ့အတွက် အဖြူသက်သက်တစ်ခုပဲ ထားခဲ့ပါ

commentinfo By: May Kha at Nov 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment