Professional Authors

“မာရီယာရေ”

မာရီယာရေ..

နင့်ကြောင့်ငါ့အချစ်တွေမီးလောင်ကုန်ပီ

နင်ပို့လိုက်တဲ့စာရွက်မှာ

ငါ့အသက်ဓါတ်ကပ်ပါသွားသလိုပဲ

သက်မဲ့ပစ္စည်းတစ်ခုနဲ့

သက်ရှိတစ်ယောက်ကိုမသတ်ပါနဲ့

မာရီယာရယ်..

 

မာရီယာရေ..

သူ့အချိန်နဲ့သူ သူ့အိပ်တန်းသူဝင်သွားတဲ့

နေမင်းကိုကြည့်ပီး

ပင်လယ်ရနံကိုခံစားတုန်းက

နင်ကယုန်မလေးပါ

မာရီယာရယ်..

 

မာရီယာရေ

သူ့ရက်ထည်အတိုင်းလှပခဲ့တဲ့

နင့်ရဲ့အဖြူရောင်စိတ်ဓါတ်ကို

ဆေးဆိုးပန်းရိုက်လုပ်သွားတာ

နင့်မိဘတွေလား၊နင့်ပါတ်ဝန်းကျင်လား

ဘယ်သူတွေလည်း

နင်နဲ့ငါဝေးခဲ့ကြတာ ခဏတာပဲ

ရှိပါသေးတယ် မာရီယာရယ်..

 

မာရီယာရေ..

ငါပို့လိုက်တဲ့သစ္စာပန်းစည်းလေးကိုရရဲ့လား

အလယ်အလတ်တန်းစားဘ၀အတွက်

ပီးတော့နင့်အတွက်

ပေါင်မုန့်ဖိုးနဲ့ ၀ိုင်ဖိုးကို

ငါစုနေတယ်မာရီယာ

ဆာလောင်မှုအတွက်တော့ကိုယ့်ကိုယ်ကိုပြန်မစားပါနဲ့

သိုးသားကင်ကစားသုံးသူလူအတွက်သာပါ

သိုးအတွက်ကတော့ဖွယ်တယ်တယ်ကြီးလေ

 

မာရီယာရေ.

ခပ်ခါးခါးအနမ်းတွေမသင်ယူပါနဲ့

ပါတ်ဝန်းကျင်လိုမစီးမြောပါနဲ့

နင့်ရဲ့အိပ်စက်ခြင်းကို အဆိပ်သင့်မှာဆိုးလို့ပါ

နောင်တဆိုတာကငတ်မွတ်ခြင်းထက်

အများကြီးရက်စက်တတ်တဲ့သဘောရှိတာကို

နင်မသိသေးပါလားမာရီယာရယ်..

 

နင့်အတွက်

ငါ့ရဲ့ရိုးသားခြင်းတွေ

နင့်အပေါ်တန်ဖိုးထားခြင်းတွေ

ကဗျာလို့အသွင်ပြောင်းလိုက်တယ်

ကိုယ့်ကိုယ်ကိုတော့တန်ဖိုးထားပါ

မာရီယာရယ်.။

 

မောင်မြတ်သူ(ခေတ္တ-လှည်းတန်း)

[email protected]

In: ကဗျာ Posted By: Date: Oct 31, 2011
Comment #1

နင့်အတွက်

ငါ့ရဲ့ရိုးသားခြင်းတွေ

နင့်အပေါ်တန်ဖိုးထားခြင်းတွေ

ကဗျာလို့အသွင်ပြောင်းလိုက်တယ်

ကိုယ့်ကိုယ်ကိုတော့တန်ဖိုးထားပါ
အားပေးသွားတယ်..အကို

commentinfo By: poem.poem28 at Oct 31, 2011
Comment #2

သောက်ရမ်းကြီးခိုက်တယ်ကွာ..
ငါ့ကောင်ရေ သုံးပုဒ်မြောက်အကြိုက်တွေ့ခြင်းပဲ
နောက်လဲ စကားလုံးတွေကိုစိတ်ကြိုက်ဆော့ကစားနိုင်ပါစေကွာ..

Comment #3

so nice.
lots of care.
lots of worry.
lots of love.
lots of kindness.
royal heart fulfil with simple pure good-minded.

commentinfo By: ei lay at Nov 1, 2011
Comment #4

ကျေးကျေးပါဗျာ ကိုဒီလူ၊poem.poem၊နဲ့မအိလေးခင်ဗျား

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Nov 1, 2011
Comment #5

တာဝန်အရဖတ်သွားတယ် ( just kidding)
ကဗျာလေး တကယ်ကောင်းတယ်ဗျ စာလုံးတွေသီထားတာ တကယ်ပီပြင်တယ်
အားပေးတယ် ကြိုးစားထား ။

commentinfo By: X - ray at Nov 12, 2011
Comment #6

read again

commentinfo By: ei lay at Jan 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment