Professional Authors

ကျိန်စာ(မင်းလူန)

နွမ်းနယ်ကြွေကျ
ပန်းအလှမှာ
နမ်းရစရာကိုမရှိ
အနာအတိနဲ့ ပါ………မောင်
×××××××××
ချစ်ခြင်းကိုအားပြု
ဘ၀တစ်ခုအဖြစ်မှတ်ယူ
ထပ်တူချမျှော်လင့် သမျှ
ပန်းစာသူမောင်ဘီလူးကြောင့် 
ရနံ့ ပျောက်မှေးမှိန်
သေးသိမ်လို့ နုံချာ
ကြုံရာမှာနားခို
သက်ထားပျိုဒီဘဝ
မသက်သာလှပါလား..မောင်ရယ်
×××××××××
နှောင်တစ်ချိန်လူဘဝ
ကံကောင်းလို့ ရခဲ့ ရင်
ယောင်္ကျားတိုင်းမျှောမောငေး
အလှပဂေးတစ်ယောက်မဖြစ်ရင်နေပါတော့ 
မောင့် အသဲနုနုရွကိုပ
ခွဲရသူဖြစ်ရပါလို၏
အဲ့ လိုဆုတောင်းနဲ့ 
ချစ်စိတ်ကိုပုံစံပြောင်း
ကျိန်စာလောင်းတိုက်ခဲ့ မယ်
ရက်စက်တဲ့ မောင်ရယ်

                                           မင်းလူန

In: ကဗျာ Posted By: Date: Oct 28, 2011
Comment #1

နှောင်တစ်ချိန်လူဘဝ
ကံကောင်းလို့ ရခဲ့ ရင်
ယောင်္ကျားတိုင်းမျှောမောငေး
အလှပဂေးတစ်ယောက်မဖြစ်ရင်နေပါတော့ 
မောင့် အသဲနုနုရွကိုပ
ခွဲရသူဖြစ်ရပါလို၏
အဲ့ လိုဆုတောင်းနဲ့ 
ချစ်စိတ်ကိုပုံစံပြောင်း
ကျိန်စာလောင်းတိုက်ခဲ့ မယ်
ရက်စက်တဲ့ မောင်ရယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment