Professional Authors

နှလုံးသားကို…အပြင်ခဏထုတ်ထားချင်တယ်

အခန်းနံရံပေါ်မှာ
အိပ်မက်အသေတွေပြန့်ကျဲရှုပ်ပွ
ကောက်ကောက်ကွေးကွေးဆံပင်တွေကြား
အစွန်းအထင်းစိတ်ကူးစိတ်သန်းတလှေကြီးခိုကပ်လို့……
ရင်ဘတ်ကိုငုံကြည့်တော့
ခြောက်….သွေ့…..အက်…..ကွဲ
အမြဲစိမ်းတောမဟုတ်တာအသေအချာပါပဲ
မနေ့ညက….
“ဟုတ်ကဲ့ပါ”ကိုအလွတ်အော်ကျက်ထားတဲ့ငါ
ဒီနေ့…နဲနဲလောက်လူရာဝင်ကောင်းပါရဲ့
နာရီမိနစ်တွေကိုစက်ရုပ်ဆန်ဆန်ဝါးမြိုနိုင်ဖို့
နှလုံးသားကို….အပြင်ခဏထုတ်ထားချင်တယ်…………………………။      ။

In: ကဗျာ Posted By: Date: Feb 15, 2013
Comment #1

ကဗျာကောင်းလေး
ဖတ်ရှုအားပေးသွားပါတယ်ဗျာ

commentinfo By: moehtetaung18 at Feb 15, 2013
Comment #2

ထပ်တူထပ်မျှ

commentinfo By: အသဲကွဲ မိုး at Feb 15, 2013
Comment #3

အခန်းနံရံပေါ်မှာ
အိပ်မက်အသေတွေပြန့်ကျဲရှုပ်ပွ
ကောက်ကောက်ကွေးကွေးဆံပင်တွေကြား
အစွန်းအထင်းစိတ်ကူးစိတ်သန်းတလှေကြီးခိုကပ်လို့……
ရင်ဘတ်ကိုငုံကြည့်တော့
ခြောက်….သွေ့…..အက်…..ကွဲ
အမြဲစိမ်းတောမဟုတ်တာအသေအချာပါပဲ
မနေ့ညက….
“ဟုတ်ကဲ့ပါ”ကိုအလွတ်အော်ကျက်ထားတဲ့ငါ
ဒီနေ့…နဲနဲလောက်လူရာဝင်ကောင်းပါရဲ့
နာရီမိနစ်တွေကိုစက်ရုပ်ဆန်ဆန်ဝါးမြိုနိုင်ဖို့
နှလုံးသားကို….အပြင်ခဏထုတ်ထားချင်တယ်…………………………။ ။

commentinfo By: နွေ at Feb 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment