Professional Authors

အဓိပ္ပာယ်မဲ့ သွေးကြောင်ခြင်း

သတ္တိက သွေးကြောင်လို့ ထောက်လှမ်းရေးတယောက်လို ပဲပြုတ်နဲ့ နံပြားစားခဲ့ရတယ်…
အမှိုက်ပုံမှာလည်း ရာထူးအပြည့် ကားနဲ့တိုက်သွားကြတယ်…
ဟိုရောက်တော့လည်း အမိန့်အာဏာတွေက မြင့်မိုရ်တောင်ကို တိုက်ဆောက်ခဲ့တယ်…
အပြင်ပြန်ရောက်လာတော့ ဘဝတွေက အိပ်ယာမဲ့ခဲ့တယ်…
ငိုချင်သလို ရယ်ချင်သလို အိပ်မက်တွေနဲ့ စိတ်ကူးယဉ်ခဲ့တဲ့
အတိက်ခြေရာတွေက နွံအိုင်ထဲကို ထိုးကြခဲ့တယ်..
မနေက ပန်းခြံထဲကို နှစ်ဦးသား တွေ့ဆုံရင်း ဖုန်းလိုင်းပျက်ခဲ့တယ်..
လူကြီးမင်း ခေါ်သံများက ခါးသက်သက် ချစ်ကောင်း ကော်ဖီတစ်ခွက်လို ဖြစ်ခဲ့တယ်..
ဒီနေ့တော့ ကိုယ်တိုင် ဆက်လျှောက်မဲ့ ခရီးလက်တန့်ကို
ငေးကြည့်ရင်း ပြည်တွင်းစစ်ကြီးတစ်ခု ပြီးခဲ့တယ်..
မနက်ဖြန် ကဒါဖီ မရှိတော့တဲ့ နိုင်ငံအတွင်း တိုးတက်မှုတွေအပြည့်နဲ့
ကူညီလက်ရမ်း တံခါးများလည်း တန်ဆာစဉ်လိုက်တယ်..
ပွင့်ထွက်လာတဲ့ ဘဝကောက်ကြောင်းတွေက ခွေးပြေးဝက်ပြေးဖြစ်ခဲ့တယ်..
နောက်တော့လည်း ပစ္စုပ္ပန်မှာ နှစ်ဦးသား ယှဉ်ပြိုင်ချစ်လူးနေတုန်း
တောလိုက်မုဆိုး သားကောင်ပျောက်ဆုံးသလို ဖြစ်ခဲ့ရတယ်..
နောက်ဆုံးတော့ အရာအားလုံး ပျောက်သွားခဲ့တဲ့ သွေးကြောင်သူတယောက်ဖြစ်ခဲ့တယ်………။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 25, 2011
Comment #1

နောက်တော့လည်း ပစ္စုပ္ပန်မှာ နှစ်ဦးသား ယှဉ်ပြိုင်ချစ်လူးနေတုန်း
တောလိုက်မုဆိုး သားကောင်ပျောက်ဆုံးသလို ဖြစ်ခဲ့ရတယ်..
နောက်ဆုံးတော့ အရာအားလုံး ပျောက်သွားခဲ့တဲ့ သွေးကြောင်သူတယောက်ဖြစ်ခဲ့တာပေါ့……….။

Comment #2

ကောင်းစေချင်တယ်…သူတို့အနာဂါတ်လေးတွေ…….. အခုတော့ ရေပေါ်မှာ အရုပ်ရေးသလို………ဖြစ်နေခဲ့ပြီ.. အနာဂါတ်……….ကျေးဇူးတင်ပါတယ်…………

Leave Comments

Name*

Email*
Website
Email me whenever there is new comment