Professional Authors

ရင်ခုန်သံ မျှားတဲ့နေ့

  “ ရင်ခုန်သံ မျှားတဲ့နေ့ ”

 

အစာဆိပ်တက်ပြီး အိပ်အိပ်ပျော်သွားတတ်လို့

လမ်းခုလတ်မှာ ဆင်းခဲ့တဲ့ ကိုယ့်နာမည်လေး

ခြေသလုံးအိမ်တိုင် ဖြစ်နေတယ်

 

အညံ့ခံပြီး ဆက်လျှောက်ဖို့

ကိုယ့်စိတ်ကိုယ် ပြန်ကျူနေရတယ်

 

ဘယ်ယိမ်း ညာယိမ်း

တေလေမီးတောက် ခပ်ပြင်းပြင်း

မြောက်ပြန်လေမှာ တစ္ဆေဆောင်းကို တင်းတင်းဖက်

နှင်းဆီဖြူကို  အငုံဘဝနဲ့ သိမ်းတယ်

 

တန်ဖိုး တစ်ခုအတွက်

ထိုင်ခုံပေါ်က နေ့တွေကို ဆေးရောင် တင်ရ

မုသားကကွက်တွေ လေ့ကျင့်ရ

သွေးမပျက်စေနဲ့ အားမလျော့စေနဲ့

အခုမှ ဇာတ်လမ်းစတာ

 

အနုပညာကို အရင့်အမာမက်မော

ဒဏ်ရာကျက်ဖို့ လေသင်းနံ့ရှု

ဗလာထဲမှာ ဘာမှမဖြည့်ဖို့ ကြော်ငြာရိုက်

မာနနဲ့ စရေးမလို့ပါပဲ …

ဒါပေမဲ့

ကိုယ့်ဖျားနာမှုက ချုပ်ရိုးမဖြည်ရသေးဘူး

 

ယုံပါလို့ ပြောလာတော့လည်း ခက်တယ်

ဘာကို ယုံရမှန်းကို မသိတဲ့ ငတ

လှောင်ချိုင့်ထဲမှာ အစာရေဆာ ငတ်ပါစေတော့

 

အရိပ်အကြောင်းတွေ မပြောကြေးပေါ့

မင်း ဘယ်လောက်အရပ်ရှည်လည်း မေးရင် ရယ်မယ်

အမေပေးတဲ့ နာမည်သုံးလုံးနဲ့ ကောင်ပါ

ကျောက်ဆောင်တွေနဲ့ ခပ်မို့မို့ တည်ဆောက်ထားတယ်

 

အမှိုက်တွေနဲ့ ကြီးပြင်း

ဆယ်စုနှစ်သုံးရာသီစာ ပေါ့ပါးမြောက်ကြွ

လျှောက်ရင်း လျှောက်ရင်း လွင့်မျော

အမှိုက်တခြမ်း လူတခြမ်း

စုံ ….. လုံး ……………….. ကန်း

 

ချီရွန် ( ပုလဲ )

 

 

In: ကဗျာ Posted By: Date: Oct 20, 2011
Comment #1

ဘယ်ယိမ်း ညာယိမ်း
တေလေမီးတောက် ခပ်ပြင်းပြင်း
မြောက်ပြန်လေမှာ တစ္ဆေဆောင်းကို တင်းတင်းဖက်
နှင်းဆီဖြူကို အငုံဘဝနဲ့ သိမ်းတယ်
ဒီကဗျာဆရာ မတရားဘူးးးးး ( အငုံဘဝနဲ့ သိမ်းတယ် … 🙂 )
ရေလည်လန်းတယ်ဗျာ..
တကယ်အားကျတယ်..

commentinfo By: sharon myorr myor at Oct 20, 2011
Comment #2

အစာဆိပ်တက်ပြီး အိပ်အိပ်ပျော်သွားတတ်လို့

လမ်းခုလတ်မှာ ဆင်းခဲ့တဲ့ ကိုယ့်နာမည်လေး

ခြေသလုံးအိမ်တိုင် ဖြစ်နေတယ်

တန်ဖိုး တစ်ခုအတွက်

ထိုင်ခုံပေါ်က နေ့တွေကို ဆေးရောင် တင်ရ

မုသားကကွက်တွေ လေ့ကျင့်ရ

သွေးမပျက်စေနဲ့ အားမလျော့စေနဲ့

အခုမှ ဇာတ်လမ်းစတာ

အကိုချီရွန်ရေ…လန်းချက်က9လောက်ရှိတယ်….
တစ်ပုဒ်လုံးပြောစရာမရှိတဲ့အထဲက
အပေါ်ကအပိုဒ်လေးတွေ
အကြိုက်ဆုံးပဲ…..။

commentinfo By: terry at Oct 20, 2011
Comment #3

ဘယ်ယိမ်း ညာယိမ်း

တေလေမီးတောက် ခပ်ပြင်းပြင်း

မြောက်ပြန်လေမှာ တစ္ဆေဆောင်းကို တင်းတင်းဖက်

နှင်းဆီဖြူကို အငုံဘဝနဲ့ သိမ်းတယ်

ကောင်းတယ် ဗျာ ကိုterry ပြောသလိုပဲ တပုဒ်လုံးကပြောစရာ မရှိအောင်ကောင်းတယ်ဗျာ

Comment #4

အနုပညာကို အရင့်အမာမက်မော
ဒဏ်ရာကျက်ဖို့ လေသင်းနံ့ရှု
ဗလာထဲမှာ ဘာမှမဖြည့်ဖို့ ကြော်ငြာရိုက်
မာနနဲ့ စရေးမလို့ပါပဲ …
ဒါပေမဲ့
ကိုယ့်ဖျားနာမှုက ချုပ်ရိုးမဖြည်ရသေးဘူး
goodတယ်ဗျ။စာသားတွေ..အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment