Professional Authors

သစ်တောနဲ့မြစ် (မြစ်ပျောက်မှာစိုး)

ကိုယ့်တိုင်းပြည် ကိုယ်ချစ်မှ
ကိုယ့်သစ်တော ကိုယ်ခင်မည်။
ရေဝေတောတွေ ထိန်းသိမ်းလို့
စိမ်းစိမ်းညို့ ဟိုးတောင်ဆီ…
သစ်တောနဲ့ရာသီ
မြန်မာပြည်ရဲ့ အသက်…
တောပြုန်းကာ ရာသီအဆိုးမှာ
မိုးလေကဖျက်…။

ကိုယ့်လူမျိုး ကိုယ်ချစ်မှ
ကိုယ့်မြစ်ချောင်း ကိုယ်ခင်တွယ်…
ဘိုးဘွားအမွေ အမှတ်မျိုး
မြတ်နိုးနိုင်မယ်…။
ကိုယ့်မြစ်ချောင်း ကိုယ်ကာကွယ်
မြန်မာရယ်လို့ ကဗျည်းထိုး…
ရွှေမမက်ပါဘူး…
ရေတစ်စက်ကို အသွေးအသားလို
အလေးထားကာ ချစ်သလောက်
မြစ်ပျောက်မှာစိုး…။

မောင်စိန်ဝင်း(ပုတီးကုန်း)

 

 

 

Comment #1

ကိုယ့်လူမျိုး ကိုယ်ချစ်မှ
ကိုယ့်မြစ်ချောင်း ကိုယ်ခင်တွယ်…
ဘိုးဘွားအမွေ အမှတ်မျိုး
မြတ်နိုးနိုင်မယ်…။
ကိုယ့်မြစ်ချောင်း ကိုယ်ကာကွယ်
မြန်မာရယ်လို့ ကဗျည်းထိုး…
ရွှေမမက်ပါဘူး…
ရေတစ်စက်ကို အသွေးအသားလို
အလေးထားကာ ချစ်သလောက်
မြစ်ပျောက်မှာစိုး…။ (အားမာန်အပြည့်ပဲ )

commentinfo By: May Kha at Nov 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment