Professional Authors

အားပေးစာ…….

လောကဒဏ်တွေကြား ငါတို့ပျောက်ဆုံးကြလည်း
အခိုက်အတန့်ဆိုတာလောက်ပဲ ကောင်းပါတယ်…
ကိုယ်ထူမှ ကိုယ်ထနိုင်တဲ့ ဘ၀တွေမှာ
ဘာလို့ ငါတို့နုနယ်နေရမှာလဲဟာ….?

ရိုက်ခက်မှုတွကို စာမဖွဲ့ဘူး
ဖိအားတွေကို ကဗျာစပ်မယ်
ဘယ်တော့မှလည်း မရှုံးနိမ့်ခဲ့ပါဘူး
လိုချင်တာတွေ ရအောင် ယူနိုင်ခဲ့ကြတာပဲ….။

အလင်းရောင်နဲ့ ခဏဝေးတဲ့အခါတိုင်း
စိတ်ဓါတ်တွေလည်း မကျပါနဲ့
တခြားဘ၀တွေလည်း ဒီလိုပဲ
တစ်နေ့နေ့တော့ ကြိုးစားမှုရဲ့ ရလဒ်တွေ…
ပိုင်ဆိုင်ကြုံတွေ့လာမှာပါ….။

မထင်မှတ်ထားတာတွေ ရင်ဆိုင်လာရတဲ့အခါ
ဘယ်ဆီမှလည်း လျှောက်မပြေးပါနဲ့
မားမားမတ်မတ် အကောင်းဆုံးရင်ဆိုင်လိုက်ပါ
ဘာပဲဖြစ်ဖြစ် This too will Pass ပေါ့….။

အရှုံးတွေနဲ့လည်း နစ်မျောမနေပါနဲ့
အသုံးကျနေသေးတဲ့ နင့်အရည်အချင်းတွေကို
တချို့တချို့တွေက နှမြောတသ ဖြစ်ကုန်လိမ့်မယ်….။

နင် နိုးထပါ
နင် ပြင်ဆင်ပါ
ကျဆင်းဖူးတဲ့ မျက်ရည်တွေအစား….
အနာဂတ်အသစ်ကိုသာ တည်ဆောက်ပါ…။
နင့်ကို ချစ်သောလူတွေအတွက် သူရဲကောင်းဖြစ်ဖို့ စွမ်းဆောင်ပါ…။

ဘ၀က ဘ၀ ပဲ
တိုက်ခိုက်ရမှာ ငါတို့တာဝန်
ပြည့်စုံခြင်း ချို့တဲ့ခဲ့တဲ့ ငါတို့ဘ၀ရှင်သန်မှုတွေထဲ…..
ဘယ်တော့မှလည်း မျောပါ မသွားပါနဲ့….
အတိတ်ဆိုတာ
သင်ခန်းစာယူရုံလောက်သာ အရေးပါခဲ့တယ်။
အတွေ့အကြုံလို့သာမှတ်ယူရင်း
ယုံကြည်ချက်တွေကို အတောက်ပဆုံးခြယ်သလို့ရတယ်…။
မဖြစ်နိုင်ဘူးဆိုတာ….ဘယ်မှာရှိလို့လဲဟာ…..?

In: ကဗျာ Posted By: Date: Oct 10, 2011
Comment #1

မဖြစ်နိုင်ဘူးဆိုတာ….ဘယ်မှာရှိလို့လဲဟာ…..?

Everything!!!!!…This Too Will Pass…… ^_^

commentinfo By: Zin Zin at Oct 10, 2011
Comment #2

တကယ်လုပ်ရင် တကယ်လုပ် အဟုတ်ဖြစ်ရမည်
ကဗျာလေး က ကောင်းတယ်

Comment #3

အား … တအားကြိုက်တယ် …

commentinfo By: Nge Lay at Oct 10, 2011
Comment #4

အားပေးစာ အစစ်ပဲ … 🙂

commentinfo By: Nge Lay at Oct 10, 2011
Comment #5

ယုံကြည်ချက်တွေကို အတောက်ပဆုံးခြယ်သလို့ရတယ်…။
မဖြစ်နိုင်ဘူးဆိုတာ….ဘယ်မှာရှိလို့လဲဟာ…..?
That’s right. The chance is waiting for you. Don’t miss it. Try it. Nothing is impossible.
Nice poem. Good writing.

commentinfo By: X - ray at Oct 10, 2011
Comment #6

မှန်တာပေါ့…မကေရ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 12, 2011
Comment #7

really ths xo much,

i’ve got depression now.
thz 4 ur encouragement.

commentinfo By: ei lay at Oct 27, 2011
Comment #8

good kay!!!!!!!

commentinfo By:ုkyi kyi at Jan 30, 2012
Comment #9

ကေ…အဲဒီကဗျာလေးထဲကလိုစိတ်ဓါတ်မျိုးအမြဲထားနော်

commentinfo By: nomi at Feb 11, 2012
Comment #10

One of my favourite

commentinfo By: ei lay at Jan 18, 2014
Comment #11

ဒီကဗျာကိုဖတ်ရလို့ လန်းသွားတယ် ကျေးဇူး။
great poem.

commentinfo By: tiarmo at Jan 19, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment