Professional Authors

စာမေးပွဲမတိုင်ခင် မကောင်းကြောင်းလေးများ

စာမေးပွဲဝေးလျှင်  အလွန်ပျော်
အစား မေ့  အသောက် မေ့  အအိပ် မေ့ နှင့်
ကိုရီးယားလောကထဲ  ကျင်လည်နေတတ်၏ ။

စာမေးပွဲနီးလျှင်
စိတ်ဖိစီးသောရောဂါ
ငယ်ထိပ်တည့်တည့်ပြုတ်ကျလေပြီ.. .. ..

ဘယ်သူ့ကိုမှစကားမပြောချင်
ဘယ်သူ့ကိုမှနားမလည်နိုင်
တစ်ခါ တစ်ခါ ကိုယ့်ကိုယ်ကိုတောင်နားမလည်နိုင်နှင့်
ကျွန်တော် စတင်ဂေါက်ရှာပြီ.. .. ..

စိုးရိမ်စိတ်များကိုသာ နေ့စဉ်ဝါးစား အသက်ရှင်
စာများတော့ တော်တော်လေးကြေနေပြီ
စာအုပ်ကိုင်ပြီး အိမ်ရှေ့ အိမ်နောက် အိပ်ပြင်
လမ်းလျှောက်များလို့ဖြစ်သည်
စာကတော့  ခေါင်းထဲ
စာလုံးတစ်ဝက်လောက်တောင်  မဝင်သေးပါ ။

စာလုပ်မည်ကြံတိုင်း
စာအုပ်စီလိုက်
အိမ်ရှေ့သွားလိုက်
TV ရှေ့ရောက်လိုက်
ထမင်းစားပွဲရောက်လိုက်ဖြင့်…အချိန်များ…တစ်စတစ်စ…ကုန်လေပြီ ။

စာလုပ်ချိန်ဝယ်
တစ်နာရီတောင်မပြည့်သေး
မျက်တောင်များလေးလံလာသည်
အိမ်ကလူကြီးများ
လက်ဖက်  ကော်ဖီ သံပုရာရည်တို့ဖြင့်ထိန်းပေးရှာသည်
သို့သော် တိုးမဝင်ပါ
မျက်တောင်များကတော့  ဒေါက်ထောက်ထားရုံအပြင်မတတ်နိုင်တော့ချေ
အဲ့ဒီလိုနှင့်  ကျွန်တော့စာမေးပွဲမတိုင်ခင်တစ်နေ့တာများ
အမြီးမြှောက်လိုက်  အီးပေါက်လိုက်ဖြင့် ကုန်ဆုံးလေသည်
မကောင်းကြောင်းလေးများ  ဒီတင်ရပ်ပါပြီ ။

( ကာရန်ညီသောကဗျာတစ်ပုဒ်မဟုတ်ပါ သို့သော်တကယ့်အကြောင်းအရာလေးပါ။ )
9th October,2011.
8:00 am

In: ကဗျာ Posted By: Date: Oct 9, 2011
Comment #1

စာလုပ်မည်ကြံတိုင်း
စာအုပ်စီလိုက်
အိမ်ရှေ့သွားလိုက်
TV ရှေ့ရောက်လိုက်
ထမင်းစားပွဲရောက်လိုက်ဖြင့်…အချိန်များ…တစ်စတစ်စ…ကုန်လေပြီ ။ 😛
မှန်လိုက်လေခြင်းဟာ…….X-ray ရေ…….ကေ လည်း အဲလိုပဲ ဗျို့
အားပေးသွားပါတယ်…။

commentinfo By: ကေသရီ at Oct 10, 2011
Comment #2

အားပေးတဲ့ ကေသရီ ကျေးဇူးအများကြီးတင်တယ်ဗျာ ။ ကျွန်တော့ကဗျာကို အားပေးသူ ၊ အားမပေးသူ အားလုံး စိတ်ချမ်းမြေ့ပါစေ။

commentinfo By: X - ray at Oct 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment