Professional Authors

ခက်ခဲမြဲပန်းတိုင်းသို့ လျှောက်နေဆဲဇွဲ

 

နေ့ တွေ တစ်နေ့ ပြီး တစ်နေ့

ညတွေ တစ်ညပြီး တစ်ည

နေတွေ တစ်စင်းပြီး တစ်စင်း

ကိုယ့်ခေါင်းပေါ်မှာ ဖြတ်သန်းသွားလာနေကြ၊

 ဒီ လမ်းမှားတဲ့  မြေပုံနဲ့ တော့

ကောင်းကင်မှာ လင်းလက်နေတဲ့ 

ကြယ်စင်ကို ခူးယူဖို့  ရမှာမဟုတ်ဘူး။

ကြယ်စင်ရေ……

 မင်းကြွေကျမဲ့ပန်းတစ်ခင်းးမှာ

 ကိုယ်စောင့် ကြိုနေမှာပါ။

 

အရှူးအမူး ထွန်ယက်ဖူးတဲ့  ကိုယ့်စိုက်ခင်းတစ်ခင်းလို

ရေမလောင်း ပေါင်းမသင်နဲ့ 

အချိန်ကြာလာတော့ ပေါင်းမြက်တွေနဲ့  သင့်နေခဲ့တာ

ဒါဟာ   အမှန်တရားပေါ့ 

ကိုယ်ကိုတိုင်လဲ မပြုပြင်ချင်ရင်

ကိုယ်သွားမဲ လမ်းဟောင်းတွေလဲ ဗွက်ထလို့ နေမှာ

ကံတရားကို အယုံအကြည်မဲ့ ပေမဲ့ 

ဆူးခြုံတွေရှိတဲ့ လမ်းမှာ

နဲနဲတော့ ခက်ခဲ့ နေလိမ့်မယ် ကြယ်စင်

ဘ၀မှာ အရာရာ နောက်ကျနေပြီတဲ့ လား၊

 

ကိုယ်လျှောက်ရမဲ့  လမ်းမှာ

ပန်းတိုင်ကို ပျပျလေးမြင်မှတ်

ဆေးစပ်မမှားတဲ့  အားဆေးတစ်ခွက်နဲ့ 

ကြယ်စင်ရေ………….

မင်းကြွေကျမဲ့  ပန်တစ်ခင်းမှာ

ကိုယ်စောင့်ကြိုနေမယ်ဆိုတာ…………………………

 

In: ကဗျာ Posted By: Date: Oct 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment