Professional Authors

ငါနဲ့ အလွမ်း ပုံပြင်

“ ငါနဲ့ အလွမ်း ပုံပြင် ”

 

အခုတလော

ချစ်တတ်သူတို့ ဈေးတန်းထဲ

အလွမ်းဖဲကြိုးဝါများ

ငိုစား ရယ်စားနဲ့

ဝယ်လိုအားမဲ့ ရောင်းကောင်းနေ

အာဒမ်နံရိုး ဆံထိုးလုပ်

ကွမ်းတယာ ရေတမှုတ်နဲ့

အခါးမန္တန်စုတ်တဲ့ ဈေးသူမ

အရောင်မဲ့ ညမှာ

ရောင်းပန်း ၀ယ်ပန်းလှလို့

လွမ်းဝယ်သူ အမျိုးမျိုး

ကိုယ့်ကမ္ဗည်း ကိုယ်ထိုးပြီး

မိုးမျှော်တေး သံပြိုင်ကျူးကြ

ရင်မြေ ခပ်မွမွမှာ

ချစ်သူငတ် ကဗျာကို

လွမ်းထက် အက္ခရာတင်ကြ

ချစ်သူတို့ လမ်းဆုံလမ်းခွမှာ

အလွမ်းနဲ့ လင်းတဲ့ အိပ်ပျက်ညအကြောင်း

တခုတ်တရ မောင်းခတ်ကြ

ငါကတော့

ဝယ်လာတဲ့ ဖဲကြိုး

ဗီးနပ်စ်ပျိုးတဲ့ ပိတောက်ကိုင်းမှာ

သောကြာသူနဲ့ အချစ်သမိုင်းအတွက်

ကသိုဏ်းကရိုဏ်းပဲ ချည်ဖြစ်ခဲ့တယ် ….

 

ချီရွန် ( ပုလဲ )

 ကဗျာအဟောင်းပါ။ ကျွန်တော်ကတော့ ကြိုက်နေတုန်းပဲ။

In: ကဗျာ Posted By: Date: Oct 7, 2011
Comment #1

ငါကတော့

ဝယ်လာတဲ့ ဖဲကြိုး

ဗီးနပ်စ်ပျိုးတဲ့ ပိတောက်ကိုင်းမှာ

သောကြာသူနဲ့ အချစ်သမိုင်းအတွက်

ကသိုဏ်းကရိုဏ်းပဲ ချည်ဖြစ်ခဲ့တယ် …

ကောင်းလိုက်တဲ့အဆုံးသတ် လူနဲ့တောင်မလိုက်ဘူး တကယ်ဗျာ 😛
ပြောင်တာပါကိုကြီးရာ စောက်ရမ်းမိုက်တယ်

Comment #2

ငါကတော့

ဝယ်လာတဲ့ ဖဲကြိုး

ဗီးနပ်စ်ပျိုးတဲ့ ပိတောက်ကိုင်းမှာ

သောကြာသူနဲ့ အချစ်သမိုင်းအတွက်

ကသိုဏ်းကရိုဏ်းပဲ ချည်ဖြစ်ခဲ့တယ် ….

Comment #3

ဝယ်လာတဲ့ ဖဲကြိုး

ဗီးနပ်စ်ပျိုးတဲ့ ပိတောက်ကိုင်းမှာ

သောကြာသူနဲ့ အချစ်သမိုင်းအတွက်

ကသိုဏ်းကရိုဏ်းပဲ ချည်ဖြစ်ခဲ့တယ် ….
ရင်တွေတောင်တုန်တယ်ဗျာ..မိုက်ချက်

commentinfo By: အသဲကွဲမိုး at Feb 25, 2012
Comment #4

khan sar arr pay twar par d

commentinfo By: ei lay at Feb 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment