Professional Authors

နှင်းဆီ၏ဆူး

နှလုံးသား ကတ်ထူပြားပေါ်က ဒဏ်ရာမင်စက်အညစ်အကြေးကို
ရေစင်စင်ဆေးကာမှ အလေးချိန်ပိုတိုး
ဒဏ်ရာတွေက ပေပွပြန့်ကျဲ

တစ်ချိန်က မြူးခဲ့တဲ့လေပွေ
ရွှေဝါရောင် ပန်းငယ်ကလေးကို ခြွေချ
မြေပြင်ထက်က ကောက်ရသူ ကလေးမအတွက်
သူက မျှော်လင့်ခြင်း

မထိုက်လို့စွန့်ပစ်ခဲ့ရသူအတွက်တော့
မင်းကသဇင်ပန်းဆို ငါက အသည်သားသက်သက်
မိုးမြေလို့မကွာခြားပေမယ့် ဒို့နှစ်ယောက်က ဝေးပါတယ်

ငါ့ရဲ့အသည်းနှလုံးမှာ ရင်ခုန်သံတွေမကြားရလွန်းလို့
ပိုးမျှင်တွေတက် ဖုန်တွေထနေပြီ
ရင်ခုန်သံက သူနဲ့မဆိုင်တဲ့အလား နှလုံးသားက မှေးစင်းအိပ်စက်

အရှေ့ကကြည့်သူက ၃ ကိုမြင်ပြီး မင်းက ၄ မြင်လို့စောဒကမတက်နဲ့
မင်းကနောက်ကကြည့်နေတာ
လောကမှာ အမြင်လွဲမှုတွေက များသား

စကားသံများက မပီမသ ဘေးကနေ တတွတ်တွတ်
မပြောနဲ့တော့ မင်းရဲ့စောင်းသံအတွက်ဆို
ငါ ပီပီသသကြီး ကျွဲအဖြစ်ခံမယ်

မုန်တိုင်းလည်းထန်ပြီ ချောင်းလည်းလျှံပြီ
ခုချိန်ထိ အမေ့သား မအိပ်နိုင်သေး
နှောင့်ယှက်နေတဲ့ ကာရန်တချို့ကြောင့်လေ။

၆.၁၀.၂၀၁၁
ရွှေနဒီရေးသည်။

In: ကဗျာ Posted By: Date: Oct 6, 2011
Comment #1

မထိုက်လို့စွန့်ပစ်ခဲ့ရသူအတွက်တော့
မင်းကသဇင်ပန်းဆို ငါက အသည်သားသက်သက်
မိုးမြေလို့မကွာခြားပေမယ့် ဒို့နှစ်ယောက်က ဝေးပါတယ်

commentinfo By: nwenyeinaye at Oct 6, 2011
Comment #2

ငါ့ရဲ့အသည်းနှလုံးမှာ ရင်ခုန်သံတွေမကြားရလွန်းလို့
ပိုးမျှင်တွေတက် ဖုန်တွေထနေပြီ
ရင်ခုန်သံက သူနဲ့မဆိုင်တဲ့အလား နှလုံးသားက မှေးစင်းအိပ်စက်

အရှေ့ကကြည့်သူက ၃ ကိုမြင်ပြီး မင်းက ၄ မြင်လို့စောဒကမတက်နဲ့
မင်းကနောက်ကကြည့်နေတာ
လောကမှာ အမြင်လွဲမှုတွေက များသား

commentinfo By: May Kha at Oct 6, 2011
Comment #3

ကောင်းတယ်ဗျာ အားပေးသွားပါတယ်

commentinfo By: HEROSMITH at Oct 7, 2011
Comment #4

အရှေ့ကကြည့်သူက ၃ ကိုမြင်ပြီး မင်းက ၄ မြင်လို့စောဒကမတက်နဲ့
မင်းကနောက်ကကြည့်နေတာ
လောကမှာ အမြင်လွဲမှုတွေက များသား
အားပေးသွားသည်

Comment #5

nice,,,

commentinfo By: ei lay at Nov 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment