Professional Authors

မီးစာကုန်ဆီခန်း အဘွားမြေကြီး

လုပ်ရက်လိုက်ကြတာ……

ငါ့ကျောပေါ် ဗုံးတွေ တလုံးပြီး တလုံး

ငါ့မှာတော့ မင်းတို့ကို သနားလို့

အရမ်းနာကျင်ရင်တောင်

တခါ တခါမှပဲ လှုပ်ရှားရုန်းကန်ဖြစ်တယ်

ကမ္ဘာမြေကို စိမ်းလန်းဖို့

ငါမွေးထုတ်ခဲ့တဲ့ ငါ့သားသမီး သစ်ပင်တွေကို

မင်းတို့က သတ်ပစ်ကြတယ်

ငါ့သားသမီးတွေမရှိတော့

ငါ့ရင်ဘတ်တွေလဲ ပူလောင်ကွဲအက်ကုန်တယ်

ငါ့ငြိမ်းချမ်းမှု နှင်းတောင်ကိုလဲ

အရည်ဖျော်ပစ်ကြပြန်တယ်

ငါ့ တကိုယ်လုံး ရေမထိဖူးတဲ့ နေရာတွေမှာလဲ

ရွှဲရွှဲကို စိုကုန်ရော

ငါ့မျက်ရည်မြစ်တွေမှာတောင်

ညစ်ညမ်းမှုတွေ အပြည့်နဲ့ပါလား

မင်းတို့ ထိုးဆိုက်လိုက်တဲ့ ပိုက်လိုင်းတွေကလဲ

ငါ့တကိုယ်လုံးအနှံ့ စူးဝင်လို့

ငါ့ရဲ့ အိုစာမင်းစာ သယံဇာတတွေလဲ

တစ်ခုမှ မရှိတော့ပါဘူး

အင်္ဂဂြိုလ်ဟာ ဝေးကွာတဲ့ ဆွေမျိုးပါ

ငါ့ကို အရင် ကြင်နာကြပါဦးကွယ်။       ။

                                                                             ( ရှိန်ဝါ )

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

ငါ့မျက်ရည်မြစ်တွေမှာတောင်

ညစ်ညမ်းမှုတွေ အပြည့်နဲ့ပါလား
ဒီကဗျာလည်း စာပေစီစစ်ရေး ထိ မယ်ထင်တယ် နော် 😛

Comment #2

သဘာဝကိုချစ်မြတ်နိုးသူတယောက်ဘဲ
အရမ်းကောင်းတယ်
အားပေးနေမယ်

Comment #3

အဲဒီ ဝေးကွာတဲ့ ဆွေမျိုးလည်းသတိထားခိုင်းလိုက်ဦး
လူတွေက မလွယ်ရေးချ မလွယ်…၊

commentinfo By: SoFarAwayFromU at Oct 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment