Professional Authors

ခေတ်သစ် တီးဝိုင်းနဲ့အသိုင်းဝိုင်း

 

 

ခေတ်သစ်ဆီကို တက်လှမ်းခဲ့တဲ့

ကျွန်တော်တို့အနာဂါတ် ခြေလှမ်းများဟာ

သန္ဓေတည်သားလို့ မျိုးစေ့တည်နေချိန်

ထိခိုက်မှုမရှိအောင် ကိုယ်တိုင်ထိန်းသိမ်းဖို့

လိုအပ်ချက်တွေ မြောက်များစွာ

ရှိနေသေးတယ် ခွင့်လွတ်ပါ တီးဝိုင်းရယ်..။

 

ကိုယ်တိုင်မျိုးစေ့ချတာ မကြာသေးဘူး

အသီးစားဖို့ စောင့်မျှော်သူတွေ

အပင်အောက်ကို ရောက်နေတာတော့

သူတို့တတွေ လွန်နေပြီးထင်တယ်

မလွန်ပါဘူး စောင့်မျှော်နေတာ

တော်တော်ကြာပြီး အသက်ကြီးလို့

မြေးတွေတောင် သန္ဓေတည်လို့

ခေတ်ကောင်းမှာ သူရဲကောင်းတွေ

ဖြစ်နေပြီဆိုတာ သိပါစေတော့ အသိုင်းဝိုင်းရယ်..။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

အားပေးသွားပါတယ်

Comment #2

ကျွန်တော်က ရဲဝင့်အောင်ပါ…
အားပေးသွားပါတယ် ကိုမြတ်မင်းရေ….
ခေတ်ကောင်းမှာသူရဲကောင်းတွေပေါ့်ဗျာ…..

commentinfo By: yaewintaung at Oct 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment