Professional Authors

ရှေ့ဆက်ခရီး အဝေးကြီး

နှုတ်ဆိတ်ဆိတ် တိုးတိတ်တိတ်ပဲ
ခပ်တုံးတုံး ငနဲတစ်ကောင် ကြေကွဲခဲ့တယ်
ဖွင့်ပြောခွင့်မရ ခပ်ရိုင်းရိုင်း လှည့်ထွက်ခွင့်မရတော့လည်း
ခေါင်းငုံ့မြိုသိပ် ဟန်လုပ်ရယ်မောရင်း
တအားကုန်းရှိုက်ဖွာလိုက်တာက အဆိပ်သင့်လေထုကြီး
လိပ်ပြာမလုံတဲ့ ယုံကြည်ချက်တစ်ခု
သိပ်ရှင်းစရာမလိုတဲ့ နားလည်မှုတွေ
အထပ်ထပ်ဆေးကြောလိုက်ပြီ ငါ့တလွဲအတွေးတွေ
ခပ်ပါးပါး ပေကျံနေသေးတာက ငါကိုယ်တိုင် ။
ပြင်မောင်းလုပ်နေကျ ငါ့အနာဂတ်ယာဉ်တက်မောင်းဖို့
ဖွတ်ချက်..ဖွတ်ချက်ဆိုတာလဲ နားဝင်ပီယံတစ်ခု
ခုတော့.. ငါကိုယ်တိုင်သုတ်သင်လိုက်ပြီ အရှုံးတွေ
ဆက်ခရီးနှင်ဖို့ တော့ ဘ၀အာမခံမလိုခဲ့ဘူး
ဆက်သွားရမှာကတော့ ငါ့ဘာသာပါ ….. ။    ။

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

ခေါင်းငုံ့မြိုသိပ် ဟန်လုပ်ရယ်မောရင်း
တအားကုန်းရှိုက်ဖွာလိုက်တာက အဆိပ်သင့်လေထုကြီး
လိပ်ပြာမလုံတဲ့ ယုံကြည်ချက်တစ်ခု
သိပ်ရှင်းစရာမလိုတဲ့ နားလည်မှုတွေ
အထပ်ထပ်ဆေးကြောလိုက်ပြီ ငါ့တလွဲအတွေးတွေ
ခပ်ပါးပါး ပေကျံနေသေးတာက ငါကိုယ်တိုင် ။

commentinfo By: May Kha at Oct 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment