Professional Authors

သစ္စာတရားနဲ့ ရန်ဖြစ်ခြင်း

\"\"

သိဒ္ဓတ္ထဘုရားအလောင်းက 
သစ္စာရှာဖို့ မြင်းစီးခဲ့တယ်
ဖာတစ်လုံးခေါင်းကြားက
အမှန်တရားရှာဖို့ ဖာကိုထမ်း လမ်းတကာသွားနဲ့
 ရွာရိုးကိုးပေါက် လမ်းလျှောက်ခဲ့တယ်၊
အရစ္စတိုတယ်က
သူ့ဆရာသမားထက် အမှန်တရားဘက်က
မားမားမတ်မတ်ရပ်တည်ခဲ့တည်
အဲဒီလိုလူတွေရှိတာတောင်
မုသားကကမ္ဘာပတ် အရပ်ရပ်လည်နေချိန်မှာ
သစ္စာတရားက အိမ်ကထွက်မလို့ တံခါးကိုတွန်းအဖွင့်
အပြင်လောကကြီးကို နားစွန့်နေတုန်းတဲ့
ခုတော့ ဟောဒီလောကကြီး
ဂလိုဘယ်ဆိုပြီး သူအော်တယ်
နည်းပညာခေတ်ဆိုပြီး သူကျွေးကြော်တယ်
အရှေ့နဲ့ အနောက် တောင်နဲ့မြောက်
ဒိုးယိုပေါက် မြင်နေရတာတောင်
အမှန်တရားအတွက်ကြတော့ မှောင်လိုက်တာ
လိုက်ကာတွေအထပ်ထပ် မြူမှုံတွေအလိမ်းလိမ်း
သူစိမ်းမပြောနဲ့
တကယ့်တကယ် အရင်းအခြာတွေတောင်
ဒင်းနဲ့ငါ ငါနဲ့ဒင်း ပြောင်ပြောင်တင်းတင်းတစ်မျိုး
သပ်လျှိုလို့တစ်ဖုံ
နည်းမျိုးစုံ အကောင့်မျိုးစုံ
နာမည်မျိုးစုံ တံဆိပ်မျိုးစုံ
ကိုင်းကုန်ကုန်ပြောရရင် မုသာဝါဒကိုအလေးမထား
ကလေးကစားစရာလိုလို
 အဂတိလေးပါးဆိုလည်းစိတ်မ၀င်စား
 အပိတ်အပင်များကိုကျော်လွှားကာ နောက်တစ်ပါးကိုပါ ထပ်ချေးပြီး
ငါးပါးပါကွာလို့ ခေါင်းစဉ်တပ်
အရပ်တကာ အိမ်တကာ လမ်းတကာ ဟောဒီလိုအွန်လိုင်ကြီးပေါ်မှာပါ
အချီကြီး အချီသေး မဒီကြီး မဒီလေး
မရှိတာကိုလည်း ရှိသယောင် မသိတာကိုလည်း သိသယောင်
အယောင်းဆောင် ကျီးကဒေါင်းလို
ထပ်ပြီးပြောပြရင် ဟောဒီဟောဒီ လောကကြီးဟာ
ဆယ့်နှစ်ကြိုးကဝေ မျက်လှည့် လက်လှည့်တွေနဲ့
ပုတာကိုလည်းဖောင်း ဖောင်းတာကိုလည်းပိန်
အလိမ်အညာ အခရာအပလီတွေနဲ့
နည်းမျိုးစုံသီသီပြီး
သစ္စာကိုကျောခိုင်းကြတယ်၊
မေတ္တာဆို ဝေရာမဏိသိက္ခာပဒံ အသံကိုတောင်မကြားချင်ကြတော့တယ်
ကရုဏာဆိုတာ ဝေလာဝေးဝေး
ကိုင်းထပ်ပြီးပြောရရင်ဗျာ ဟောဒီကမ္ဘာကြီးမှာ
ရေအေးအေးလေးတစ်ခွက်သောက်ရပြီး
မနက်ဖြန်အတွက် ဆက်လက်အသက်ရှင်သန်ဖို့
ခင်များရော ကျွန်တော်ပါ
တစ်ဖုတ်လှိုက်လှိုက်နဲ့ အသက်ငင်နေကြရတယ်။ ။

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

ကြိုက်တယ်
၂ ခါ ပြန် ဖတ် သွားပါတယ်

Comment #2

ရေအေးအေးလေးတစ်ခွက်သောက်ရပြီး
မနက်ဖြန်အတွက် ဆက်လက်အသက်ရှင်သန်ဖို့
ခင်များရော ကျွန်တော်ပါ
တစ်ဖုတ်လှိုက်လှိုက်နဲ့ အသက်ငင်နေကြရတယ်။ ။

commentinfo By: May Kha at Oct 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment