Professional Authors

နွေ

ဥသြတွန်ကြူး
လေပြေရူးမှာ
အလွမ်းတွေတသုန်သုန်
ရင်ခုန်ခဲ့တာလည်း
မေ့မရပါ……….နွေ။
နွေရဲ့ရင်ခုန်သံတွေ
ဆူညံနေချိန်ကို
တမ်းတနေမိတဲ့
ကိုယ့်အဖြစ်ကိုလည်း
မှန်းဆကြည့်ပါ……….နွေ။
မှန်းမရပေမဲ့
လွမ်းရတဲ့နေ့တွေကို
လက်ချိုးရေကာ
အလွမ်းတွေကို
ရင်ထဲမှာဘဲ
ဲသိမ်းဆည်းထားလိုက်ပါပြီ……….နွေ။
နွေဆိုတာ
ပူလောင်ရက်စက်
လွမ်းစရာ ဥသြတွေနဲ့၊
အရိုးပြိုင်းပြိုင်း သစ်ကိုင်းတွေနဲ့
ဖွဲစည်းထားတာပါလား………..နွေ။

In: ကဗျာ Posted By: Date: Oct 2, 2011
Comment #1

မှန်းမရပေမဲ့
လွမ်းရတဲ့နေ့တွေကို
လက်ချိုးရေကာ
အလွမ်းတွေကို
ရင်ထဲမှာဘဲ
ဲသိမ်းဆည်းထားလိုက်ပါပြီ……….နွေ။ ( ကိုလမင်းအရေးအသားတွေအရမ်းကောင်းပါတယ်…အားပေးသွားပါတယ်နော်)

commentinfo By: May Kha at Oct 2, 2011
Comment #2

အဲလောက်မကောင်းသေးပါဘူး
ခုလိုပြောပေးလို့ ၀မ်းသာမိပါတယ်
ကြိုးစားသွားပါမယ်

commentinfo By: laminpaing at Oct 2, 2011
Comment #3

ကဗျာလေးကြိုက်တယ်..
ကိုလမင်း ..မိုး အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Oct 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment